Friday, February 21, 2014

မဆင်မခြင်မောင်းနှင်သူယာဉ်မောင်း ယာဉ်တိမ်းမှောက်သေဆုံး



ကသာ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် အင်းတော်မြို့နယ်အတွင်း ယာဉ် ကိုမဆင်မခြင်  မောင်းနှင်ခဲ့သော ကြောင့် ယာဉ်မောင်းသူသေဆုံးရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက် ည ၁၁ နာရီက ကသာ-အင်းတော် ကားလမ်း မိုင်တိုင်အမှတ် (၁၂/၆)နှင့် (၁၂/၅)အကြားတွင် ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ နဘားရဲကင်းစခန်းမှူး ဒုရဲအုပ် သူဇော် ဝင်းနှင့်အဖွဲ့သည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ရာ ကသာမှ အင်းတော်ဘက်သို့ ယာဉ်မောင်း သူရိန်စိုး မောင်းနှင်လာသော ၄ဃ/--- ဟိုင်းလတ်အမျိုးအစား အနက်ရောင်ယာဉ်မှာ အရှိန်မထိန်း နိုင်ဘဲ ယာဉ်တိမ်းမှောက်သွားခဲ့ရာ မောင်းနှင်သူ သူရိန်စိုးမှာ ဦးခေါင်း ကြေမွသည့် ဒဏ်ရာရရှိပြီး သေဆုံးနေ သည်ကိုတွေ့ရပြီး ယာဉ်မှာရှေ့မှန် ကွဲအက်သွားကြောင်း သိရသည်။
ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ သူရိန်စိုး(၃၆ နှစ်) (သေဆုံး) ရပ်ကွက် (၈) ကသာမြို့နေသူအား ဒုရဲအုပ် သူဇော်ဝင်းက တရားလိုပြုတိုင်တန်း ခဲ့ရာ အင်းတော်မြို့မရဲစခန်းက အမှု ဖွင့် အရေးယူထားကြောင်း သိရသည်။
ဦးရဲ(ကသာ)

No comments:

Post a Comment