Friday, February 21, 2014

လူသတ် ထွက်ပြေးသူကို ၂၄ နာရီ အတွင်း ဖမ်းမိ



ပဲခူး ဖေဖော်ဝါရီ ၂၀
ပဲခူးမြို့ မြို့မရဲစခန်းအပိုင်တွင် ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က ဘုရားဈေးအတွင်း လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေဆုံး သူမှာ ထွန်းနန္ဒာဖြိုး (၂၈နှစ်) ဈေး ရောင်း မြင်တော်သာ (၁)လမ်း နန်းတော်ရာရပ်ကွက်နေသူဖြစ်ပြီး
သန်းဦး (၄၂နှစ်) ပုဏ္ဏားစု(၈)လမ်း ပုဏ္ဏားစု ရပ်ကွက်နေသူက ဓားမြှောင်ဖြင့်ထိုး ရာ သေဆုံးသွားခဲ့သဖြင့် ပဲခူးမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူခဲ့ပြီး ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်း ၏ ညွှန်ကြားမှု၊ မြို့မရဲစခန်းမှူး ဒုတိယ ရဲမှူးလှသိန်း၏ကြီးကြပ်မှုဖြင့် နယ်ထိန်း ခေါင်းဆောင် ရဲအုပ်ယဉ်မင်းသိုက်နှင့် အဖွဲ့က လူသတ်ထွက်ပြေးနေသူကို ၂၄ နာရီအတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။

No comments:

Post a Comment