Friday, February 21, 2014

(၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်
နေပြည်တော်
ရက်စွဲ၊ ၁၉-၂-၂၀၁၄။
(၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
ချစ်ခင်လေးစားအပ်ပါသော ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား
၁။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သော (၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်း အမှတ်နေ့တွင် ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုနှုတ်ခွန်းဆက်သအပ်ပါသည်။
၂။ ချင်းအမျိုးသားနေ့သည် ချင်းပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံးနှင့် အကျုံးဝင် သက်ဆိုင်သော နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်သာမက မြန်မာနိုင်ငံသား တိုင်းရင်းသား အားလုံးနှင့် သက်ဆိုင် သော နေ့တစ်နေ့လည်း ဖြစ်ပါ သည်။


၃။ ပြည်ထောင်စု လွှတ်တော် အနေဖြင့်လည်း ပြည်ထောင်စုသား အားလုံး၏ လိုလားဆန္ဒရှိနေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးတို့ အတွက် ကြိုးပမ်းဆောင်ရွက် နေသော အချိန်ကာလလည်း ဖြစ်ပါသည်။
၎။ ဝိသေသ ထူးခြားသော ချင်းပြည်နယ် အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများ အပါအဝင် ပြည်ထောင်စုသား ညီအစ်ကို မောင်နှမများ အားလုံးက ပြည်ထောင်စု လွှတ်တော်နှင့်အတူ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဥမကွဲသိုက်မပျက် စည်းလုံး ညီညွတ်စွာ အကောင် အထည်ဖော် ဆောင်ရွက်ရင်း ကျွန်ုပ်တို့၏ ရည်မှန်းချက် ဖြစ်သည့် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံအဖြစ် ထူထောင်နိုင်ကြ ပါစေကြောင်း သဝဏ်လွှာ ပေးပို့ အပ်ပါသည်။
သူရရွှေမန်း
နာယက
ပြည်ထောင်စုလွှတ်တော်

No comments:

Post a Comment