Tuesday, February 25, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကူဝိတ်နိုင်ငံအမျိုးသားနေ့ သဝဏ်လွှာများပေးပို့



နေပြည်တော်-ဖေဖော်ဝါရီ(၂၅)
၂၀၁၄ခုနှစ် ဖေဖော်ဝါရီ (၂၅)ရက်တွင် ကျရောက်သော ကူဝိတ်နိုင်ငံ၏ အမျိုးသားနေ့အတွက် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ကူဝိတ်နိုင်ငံ ဘုရင်ရှိတ်ခ် ဆာဘား အယ်လ် အာမက် အယ်လ် ဂျာဘား အယ်လ် ဆာဘား ထံသို့ ဝမ်းမြောက် ကြောင်းသဝဏ်လွှာပေးပို့သည်။

 အလားတူ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ(၂၅)ရက်တွင် ကျရောက်သော ကူဝိတ်နိုင်ငံ၏ အမျိုးသားနေ့ အတွက် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ကူဝိတ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ခ် ဂျာဘား မူဘာရက် အယ်လ် ဟာမက် အယ်လ် ဆာဘား ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ သည်။ (သတင်းစဉ်)

No comments:

Post a Comment