Tuesday, February 25, 2014

စည်ကားနွှဲပျော် ဖော်တော်ဦး ဗုဒ္ဓပူဇနိယပွဲတော်

မိုးကုတ် ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့သည် နှစ်စဉ်ရာသီအလိုက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်များအဖြစ်  ချမ်းသာကြီး ဘုရားပွဲတော်၊ ကျောက်ပြဿာဒ်ဘုရားပွဲတော်၊ မဟာမုနိဘုရားပွဲတော်၊ ကထိန်ပွဲတော်များ၊ ဖောင်တော်ဦးဘုရားပွဲတော်နှင့် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးများကို  စည်ကားသိုက်မြို့က်စွာ ကျင်းပလေ့ရှိသည့် မြို့တစ်မြို့ဖြစ်ပါသည်။
ယခုအခါ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ပွဲတော်များမှ ကြက်ပျံမကျ စည်ကားသိုက်မြိုက်ပြီး မြို့နယ်လုံးသာမက မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ လာရောက်နွှဲပျော်လျက်ရှိသည့် (၆၅)ကြိမ်မြောက် ဖောင်တော်ဦးဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို မကြာမီအချိန်အတွင်းတွင် ကျင်းပတော့မည်ဖြစ်ပါသည်။
မိုးကုတ်မြို့ထင်းရှူးခြံရပ်တွင် ကိန်းဝပ်ဆံပယ်တော်မူလျက်ရှိသည့် အလောင်းစည်သူမင်းကြီးအား သိကြားမင်း ဆက်သသော သရက္ခန်အနှစ်သားဖြင့် ထုလုပ်စီရင်ထားသော ဖောင်တော်ဦး မြတ်စွာဘုရားသည် ၁၉၄၆ ခုနှစ်တွင် မိုးကုတ်မြို့၊ ထင်းရှူးခြံရပ်၊ ဘုရားဒါယကာကြီးဦးဘိုးလုံ၊ ဘုရားအစ်မကြီး ဒေါ်ကူမိသားစုတို့က ကုန်ကျငွေလှူဒါန်း၍ မန္တလေးဘုရားကြီးတိုက် ပိဋကတ် တိုက်ကျောင်း ဆရာတော် ဦးတေဇစန္တ၊ အမရပူရမြို့၊ မင်္ဂလာတိုက် ကျောင်းဆရာတော် ဦးဝိမလ (မိုးကုတ်ဝိပဿနာ ဆရာတော်)၊ မိုးကုတ်မြို့ သုဿန်ကျောင်းဆရာတော် ဦးကောသလ္လ၊ ထင်းရှူးခြံရပ်နေ ဦးဝတို့မှ ကြီးမှူး၍ ဂန္ဓကုဋိ တိုက် တော်ကြီးကိုဆောက်လုပ်ပြီးစီး၍ ဆံပယ်တော်မူခဲ့ပါသည်။
ဖောင်တော်ဦးဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ် တပေါင်းလဆန်း (၁၁) ရက်မှ (၁၅) ရက်အထိ ကျင်းပပြုလုပ်ပြီး ဘုရားပွဲ တော်ကြီးသည် ပွဲမစမည် ၅ ရက်ခန့်မှ စတင်စည်ကားလေ့ရှိပြီး ပွဲပြီး ၅ ရက်ခန့်အထိစည်ကားလေ့ရှိသည့် ပွဲတော်ကြီး ဖြစ်ပါ သည်။
 “ဒီနှစ်ကျင်းပမဲ့ ဖောင်တော်ဦး မြတ်စွာဘုရားရဲ့ (၆၅)နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို ဖူဆယ်ဘော်လုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘတ်စကတ်ဘော စတဲ့ အားကစားပြိုင်ပွဲများအပြင် ဖျော်ဖြေရေးအနေနဲ့လည်း အလှခတ်ဝိုင်ခြင်းအလှပြပွဲ၊ စတိတ်ရှိုး၊ တက္ကသိုလ်အာလာဒင်မျက်လှည့်၊ အောင်ချမ်းသားဇတ်ပွဲ၊ ပလောင်ရိုးရာ တိုင်းရင်းသားအကအလှများနဲ့ ဖျော်ဖြေပေး မှာပါ။ ဒါ့အပြင် တပေါင်းလပြည့်နေ့ နံနက် (၄) နာရီ အချိန်မှာလည်း ဖော်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်ပေါ်မှာ မိုးကုတ် မြို့နယ်အတွင်းမှာရှိတဲ့ ဘုန်းတော်ကြီး ကျောင်းပေါင်း(၁၅၀) ကျော်က သံဃာတော်အပါး (၁၄၀၀) ကျော်တို့အားလည်း စာရေး တံမဲနှင့် အာရုဏ်ဆွမ်းများ လောင်းလှူပူဇော်သွားမှာပါ ပွဲတော်ရက်အတွင်း ရောင်းချမဲ့ ဈေးဆိုင်ခန်းများလည်း ဆောက်လုပ် ထားပြီးပါပြီဟု” ဖောင်တော်ဦးမြတ်စွာဘုရား ဂေါပက အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရေ၀ိုင်းကလည်း ပြောပြခဲ့ပါသည်။ ထို့ကြောင့် မကြာမီ ကျင်းပတော့မည့် ဖောင်တော်ဦးဗုဒ္ဓပူဇနိယ ပွဲတော်ကြီးသို့ ရပ်နီးရပ်ဝေးမှ မိတ်ဆွေများအနေဖြင့် ဘုရားဖူးရင်း နွှဲပျော်နိုင်စေရန် မိုးကုတ်မြေမှ ဖိတ်ခေါ်အပ်ပါသည်။

No comments:

Post a Comment