Friday, February 21, 2014

သန်းခေါင်စာရင်း အထိမ်းအမှတ် အထူးစာပို့ တံဆိပ်ခေါင်းသစ် ရောင်းချမည်



 ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏
သန်းခေါင်စာရင်းကောက်ယူမှုအား ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ အများပြည်သူလူထုအသုံးပြုနိုင်ရန်အတွက် သန်းခေါင် စာရင်းအထိမ်းအမှတ်အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၂၀ဝိ/ တန် ငါးမျိုး ကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီခွဲမှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/မြို့နယ် ဆက်သွယ်ရေးစခန်း(စာတိုက်)များ၌ ရောင်းချမည် ဖြစ်သည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၁၄ ခုနှစ် ဖေဖော် ဝါရီ ၂၄ ရက် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment