Tuesday, February 25, 2014

ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်(၂)တည်ဆောက်မည့်လျာထား alignment နှင့် ကော့ကရိတ်-အစွန်း-ကျိတ်-ကျိုက်ဒုံ-အဇင်းလမ်း စစ်ဆေး

နေပြည်တော်-ဖေဖော်ဝါရီ(၂၄)
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်သည် ဖေဖော်ဝါရီ(၂၁)ရက် နံနက်(၉)နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်အင်ဂျင်နီယာ မှူးကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် လမ်း/တံတားလုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်
ဘဏ္ဍာငွေများသုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ သုံးစွဲကြရန်လိုကြောင်း၊ လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရန်နှင့် သတ်မှတ် အရည်အသွေးများ ပြည့်မီစွာဆောင်ရွက်ရေး အထူးအလေးထား ဆောင်ရွက်ရန် မှာကြားသည်။
 ဆက်လက်၍ ဘားအံ-ကော့ကရိတ်- သင်္ဃန်းညီနောင်-မြ၀တီ လမ်းသစ် မြေကြီးတာပေါင်တင်ခြင်း လုပ်ငန်းများ၊ ဖြတ်မြေလုပ်ငန်းများနှင့် လုပ်ငန်းပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးသည်။
 ဒုတိယဝန်ကြီးသည် ဖေဖော်ဝါရီ(၂၂)ရက်တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ်(၂) တည်ဆောက်မည့် လျာထား မြေနေရာနှင့် alignment လျာထားမြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
 ထို့နောက် မြ၀တီ ဝေါလေလမ်း မြေသား တာပေါင်တင်ခြင်း လုပ်ငန်းများ၊ လမ်းသားကြိတ်ခြင်းလုပ်ငန်း များ၊ ကော့ကရိတ်မြို့ရှိ ကော့ကရိတ်-အစွန်း-ကျိတ်-ကျိုက်ဒုံ-အဇင်းလမ်း မြေသားတာပေါင် တင်ခြင်းလုပ်ငန်း၊ ဖြတ်မြေလုပ်ငန်း၊ လမ်းတစ်လျှောက် Box  Culvert နှင့် Pile  Culvert များနှင့် လမ်းသား ကြိတ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment