Friday, February 21, 2014

စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆပ်ကော်မတီသို့ ဆွေးနွေး အကြံပြုချက်များအပေါ် သက်ဆိုင်ရာ ဆပ်ကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ချက်များ

ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၏ဆောင်ရွက်မှု
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ကုန်စည်ဒိုင်ဖြစ်ပေါ် တိုးတက်ရေး ကိစ္စဆွေးနွေးချက်နှင့် စပ်လျဉ်း၍ ပင်လောင်းမြို့နယ်တွင်ကုန်စည်ဒိုင်စတင် အကောင်အထည်ဖော်ဆောင် ရွက်နေပြီး ဆီဆိုင် မြို့နယ်တွင် ကုန်စည်ဒိုင်ဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ 

လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍဆပ်ကော်မတီ၏ဆောင်ရွက်မှု
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်ချက်ဖြစ်သော ည်းပညာ၊ အရင်းအနှီးနှင့်ဈေးကွက်၊ ကုန်စည်ဒိုင်၊ စိုက်ပျိုးစရိတ်ချေးငွေကာလ၊ မျိုးထုတ်နှင့် သုတေသန သင်တန်းများ ဖွင့်လှစ်ပေးရန် ဆွေးနွေးချက်နှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီး ဌာနသို့ ဒေသဆိုင်ရာအဖွဲ့ အစည်းများနှင့် ဆက် သွယ် ညှိနှိုင်းဆောင်ရွက်ရန် အကြောင်းကြားပြီးဖြစ် ပါသည်။ 
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန်အတွက် နည်းပညာ၊ စက် ပစ္စည်း ကိရိယာ များရရှိနိုင်ရေး၊ သုတေသန သင်တန်းများဖွင့်လှစ်ပေးရန် ဆွေးနွေးချက်နှင့် ပတ်သတ်၍  စက်မှုလယ်ယာ ဦးစီးဌာနသို့ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်ရန် အကြောင်းကြား ပြီးဖြစ် အကြောင်းကြားပြီးဖြစ်ပါသည်။ 
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၏ဆောင်ရွက်မှု
ရှမ်းပြည်နယ် ပင်းတယမြို့နယ် ၏ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းများဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းတိုးတက်လာသည်နှင့် အမျှဒေသ၏ယဉ်ကျေးမှုအမွေအနှစ်များ မထိခိုက်အောင် ကြိုတင် အစီအမံများထားရှိသင့်ကြောင်း ဆွေးနွေးချက်နှင့်ပတ်သက်၍ ရိုးရာယဉ်ကျေးမှု မထိခိုက်စေရန်အတွက် ကမ္ဘာလှည့်ခရီးသည်များ ဆောင်ရန်၊ ရှောင်ရန် Dos and Don’ts စာစောင်များဖြန့်ဝေခြင်း၊ ဟိုတယ် သစ်များ တည်ဆောက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏သဘောထားမှတ်ချက်ဖြင့်သာ တည်ဆောက်   ခွင့်ပြုခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ 
ပညာရေး၊ ကျန်းမာရေးနှင့်လူမှုဖွံ့ဖြိုးရေးဆပ်ကော်မတီ၏ဆောင်ရွက်မှု 
မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ် အတွင်း ကျေးရွာကျောင်းများ၌ မူလွန်ကျောင်းများဖြစ်ပေါ် လာရေး ကိစ္စ ဆွေးနွေးချက်နှင့် ပတ်သက်၍ သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျောင်းများရှိပါက အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ရေး အတွက် အမှတ်(၂) အခြေခံပညာဦးစီးဌာနသို့ ညွှန်ကြားထားပြီး ဖြစ်ပါကြောင်းနှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပညာရေး ဝန်ထမ်းပိုင်းဆိုင်ရာ လုံလောက်မှုအားနည်းနေပြီး ဆရာနှင့်ကျောင်းသား အချိုးမညီမျှကြောင်း အကြံပြုတင်ပြချက်နှင့် ပတ်သက်၍ မူလတန်းပြ ဆရာ/ ဆရာမများကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အမီ ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်နေပါသည်။ 
ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆပ်ကော်မတီ၏ ဆောင်ရွက်မှု
ဧရာဝတတီ တိုင်းဒေသကြီး ကန်ကြီးဒေါင့်မြို့နယ် ဒါးကကျေးရွာတွင် CDMA တာဝါတိုင်အဆောက်အအုံ တည်ဆောက်ခဲ့သော်လည်း ရေကြီးနစ်မြုပ်မှုကြောင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် လုပ်ငန်း ပြီးစီး အောင် ဆောင်ရွက်ပေးပါရန်နှင့် ၎င်းအတွက် မည်သည့်အစီအမံများဖြင့် ဆောင်ရွက်မည်ကို စီမံကိန်း များတွင် ထည့်သွင်း ရေးဆွဲရန် ဆွေးနွေးချက်အပေါ် အောက်ပါ အတိုင်း ရှင်းလင်းအပ်ပါသည်။
အဆိုပါ တာဝါတိုင် အဆောက်အအုံ ကို စီမံကိန်းများ ညွှန်ကြားရေးမှူး ရုံး၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း မှ ဆောက်လုပ်ခဲ့သော်လည်း ရေနစ်မြုပ်မှုကြောင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သဖြင့် ဒါးကကျေးရွာ ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တည်ဆောက် ထားသော GSM တာဝါတိုင်တွင် BTS တစ်စုံနှင့် ဆက်စပ်ပစ္စည်း များ ပူးတွဲ တပ်ဆင်ခွင့်ပြုရန် တင်ပြခဲ့ပါ သည်။ ထိုသို့ တင်ပြလာခြင်းအပေါ် အဆိုပါနေရာ တွင် တာဝါနှင့် အဆောက်အအုံအား အသုံးပြုနိုင် မည်ဖြစ်ပြီး Rectifieri၊ Standby Engine များကို သီးခြား တပ်ဆင်အသုံးပြုရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။ သို့ပါ  ၍ ဒါးကကျေးရွာ GSM တယဝါတိုင်တွင် CDMA BTS တစ်စုံနှင့် ဆက်စပ်ပစ္စည်းများ ပူးတွဲ တပ်ဆင်နိုင်ရေး အတွက် စီမံကိန်းများ ညွှန်ကြားရေးမှူး ရုံး၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ စီစဉ်ဆောက်ရွက် လျက်ရှိပါသည်။  စီမံကိန်းနှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဆပ်ကော်မတီ၊ ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေး ဆပ်ကော်မတီနှင့် အခွန်အကောက် ဆိုင်ရာ ဆပ်ကော်မတီတို့၏ ဆောက်ရွက်မှု
မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်စာရင်းအင်းများဌာနတစ်ခုနှင့်တစ်ခုကွဲပြားမှုမရှိဘဲ တညီတညွတ်တည်းနှင့် မှန်ကန်မှုရှိစေရေးအတွက် အထက်ဖော်ပြပါ ကော်မတီ(၃)ရပ်မှ ဆွေးနွေးညှိနှိုင်းခဲ့ရာ ကွဲပြားနေသည့် နယ်စပ်ကုန်သွယ်ရေးစာရင်းများ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလလယ်မှစတင်ပြီး တစ်ပြေးညီဖြစ်ခဲ့ပါသည်။ 
စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆပ်ကော်မတီ

No comments:

Post a Comment