Saturday, February 22, 2014

မန္တလေးမြို့ပေါ် ဆိုင်ကယ်များ ပျောက်ဆုံးမှု လူခြောက်ဦးဖမ်းဆီးမှု မြို့နယ်အသီးသီးမှ ခိုးယူခဲ့သော ဆိုင်ကယ် ၁၄ စီး ပြန်လည်သိမ်းဆည်း



မန္တလေးမြို့ပေါ် ဆိုင်ကယ်ခိုးမှုများကို ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်န၀ါရီလ ၁ရက်က ပြည်ကြီးတံခွန်မြို့နယ်နေ ငွေခဲ (၁၉နှစ်) နှင့် မိုးဝင်း (၂၄)နှစ်တို့အား ခေါ်ယူစစ်မေး ပေါ်ပေါက်ချက်များအရ ဆိုင်ကယ်ခိုးယူရောင်းဝယ်မှုများတွင် ပါဝင်ပတ်သတ်သည့် မိုးဝင်း၊ ငွေခဲ၊ သက်ဇော်(ခ) ကတုံး၊ အောင်ကိုကိ(ခ) တုံချမ်း ၊ ရဲညီ(ခ) အဖိုးကြီးနှင့် ဇင်ကိုလတ်(ခ) ကိုလတ်တို့ ခြောက်ဦးအား ၄င်းတို့ခိုးယူခဲ့သော ဆိုင်ကယ် ၁၄စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသော ဂွေးတို၊ ရာကျော်နှင့် နိုင်းနိုင်းတို့သုံးဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

No comments:

Post a Comment