Monday, February 24, 2014

မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားလက်ခံ ဖြန့်ဖြူးနိုင်ရေး မြေပုံမြို့တွင် ဓာတ်အားလိုင်းများတည်ဆောက်နေ


မြေပုံ ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ် အတွင်းသို့ မဟာ ဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရယူပြီး ၂၀၁၄ ခုနှစ်အကုန်တွင် အသုံးပြုနိုင်ရန် နိုင်ငံတော်မှ စီစဉ် ဆောင်ရွက်နေကြောင်း ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
မဟာဓာတ်အားလိုင်း ရောက်ရှိ လာပါက အသင့်လက်ခံအသုံးပြုနိုင် ရေးအတွက် ရခိုင်ပြည်နယ် မြေပုံမြို့ တွင် စွမ်းအားမြှင့်စနစ် (System Improvement)များဖြင့် ဓာတ်အား လိုင်းအသစ် တည်ဆောက်ခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၁၄ ရက် က စတင်တည်ဆောက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၈ ရက်တွင် ရာခိုင်နှုန်း ၇၀ ကျော် ပြီးစီးနေပြီဖြစ်သည်။
အဆိုပါလုပ်ငန်းများကို ရခိုင် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ၏ စီစဉ်ညွှန်ကြားမှုဖြင့်လျှပ်စစ် ဝန်ထမ်းများနှင့် ကျွမ်းကျင်လုပ်သား များက ဆောင်ရွက်လျက်ရှိကြ သည်။
လျှပ်စစ်ဓာတ်အား လိုင်းအသစ် တည်ဆောက်ခြင်း လုပ်ငန်းများကို ကြိုးကြိုးစားစား ဆောင်ရွက်လျက် ရှိပြီး မြေပုံမြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်တွင် ရာနှုန်းပြည့်ပြီးစီးမည် ဖြစ် ကြောင်း သိရသည်။
(လ/၀၀၃)

No comments:

Post a Comment