Tuesday, February 25, 2014

မုံရွာနှင့် ယင်းမာပင်ခရိုင်တို့ရှိ ပြည်သူ့ကိုယ်စားလှယ်များနှင့်တွေ့ဆုံ



နေပြည်တော် ဖေဖော်ဝါရီ ၂၄

နိုင်ငံတော် အစိုးရအဖွဲ့ စီးပွားရေးရာ ကော်မတီ၏ ပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်သည် ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းသန်းနှင့်အတူ ဖေဖော်ဝါရီ (၂၂)ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမ၌ မုံရွာနှင့် ယင်းမာပင် ခရိုင်တို့ရှိ ပြည်သူ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး နိုင်ငံတော်အစိုးရမှ ပြည်သူများ၏ လူမှုစီးပွားဘ၀ အဘက်ဘက်မှ ဖွံ့ဖြိုး တိုးတက်ရေးအတွက် Delivery Unit အဖွဲ့ပေါင်း (၂၈)ဖွဲ့ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး မိမိတို့ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီအနေဖြင့်
လုပ်ငန်းစဉ် (၉)ရပ် ဦးစားပေး(၂၆)ချက် သတ်မှတ်ပြဋ္ဌာန်း၍ ချက်ချင်းဆောင်ရွက် ပေးနိုင်သည့်ကိစ္စရပ်များ ချက်ချင်း ဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း၊ မုံရွာနှင့် ယင်းမာပင်ခရိုင်တို့ရှိ ပြည်သူလူထုဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းဆွေးနွေး တင်ပြကြရန် ပြောကြားသည်။ ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းသန်းက ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ဆက်သွယ်မှု အဆင်ပြေစေရေး မိုဘိုင်းတယ်လီဖုန်း၊ ဆက်သွယ်ရေးစာတိုက်၊ ဆက်သွယ်ရေး တာဝါတိုင်များ ဆောင်ရွက်ထားမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းပြောကြား ကြသည်။ ထို့နောက် ပြည်သူ့ကိုယ်စားလှယ်များက သိလိုသည်များမေးမြန်းရာ တာဝန်ရှိ သူများက ပြန်လည် ရှင်းလင်းဖြေကြား ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment