Tuesday, February 25, 2014

ပြည်သူများဘဝ တိုးတက်စေမည့် ကျေးလက်စာကြည့်တိုက်များ

မကွေး ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများဘ၀ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထူး အလေးထား ဆောင်ရွက်လျက်ရှိရာမှ ကျေးလက်နေပြည်သူများ အသိပညာ ဗဟုသုတတိုးပွား ရရှိစေရန်နှင့် စာဖတ် ခြင်းအလေ့အထကောင်းများရရှိစေ ရန်ရည်ရွယ်၍ ကျေးရွာစာကြည့် တိုက်များကို ဖွင့်လှစ်ထူထောင်ပေး လျက်ရှိသည်။

ထိုသို့ဖွင့်လှစ်ထူထောင်ရာတွင် ယခင်က ကိုယ့်အားကိုယ်ကိုးစာကြည့် တိုက်များအဖြစ် ကျေးရွာများတွင် ဒေသထွက် သစ်၊ ဝါး၊ သက်ငယ်၊ ဓနိများဖြင့်သာ ဆောက်လုပ်ထူထောင် ဖွင့်လှစ်ခဲ့ရသဖြင့် အချိန်ကြာလာ သည်နှင့်အမျှ ပျက်စီးယိုယွင်းပျောက် ကွယ်သွားခဲ့ရသည်။
၂၀၁၃ ခုနှစ်တွင် မြေပြင်ရှိ ခိုင်မာသည့်စာကြည့်တိုက်များအဖြစ် ပြန်လည်စိစစ်ရွေးချယ်ရာ မကွေး တိုင်းဒေသကြီးအတွင်း ယခင်က စာကြည့်တိုက် ၄၇၅၂ တိုက်မှ ၆၇၂ တိုက်သာ စံငါးရပ်ညီခိုင်မာသည့် စာကြည့်တိုက်များအဖြစ် ကျန်ရှိနေခဲ့ သည်။ အဆိုပါ ကျန်ရှိစာကြည့်တိုက် များမှ နိုင်ငံတော်က ရေရှည်တည်တံ့ ခိုင်မြဲစေရန်ရည်ရွယ်၍ ကျေးရွာ စာကြည့်တိုက်တစ်တိုက်လျှင် မတည် ငွေကျပ် ၁၀ သိန်းကျော်ထောက်ပံ့၍ ပြည်သူနှင့်အလှူရှင်များလှူဒါန်းငွေ ဖြင့် မကွေးတိုင်းဒေသကြီးအတွင်း စာကြည့်တိုက် ၁၀၁ တိုက်ဆောက် လုပ်နိုင်ခဲ့သည်။ နိုင်ငံတော်မှစာကြည့် တိုက်၁၀၁တိုက်အတွက် မတည်ငွေ ကျပ်၁၀၁သိန်းနှင့် ပြည်သူများထည့်ဝင် ငွေကျပ် ၁၄၂၆၈၉၂၆၅ ဖြင့် သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်းများနှင့် ရေရှည်ခိုင်မာစွာ တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်အလိုက် မြန်မာနိုင်ငံစာ ကြည့်တိုက်များ ဖောင်ဒေးရှင်းမှလည်း ကျေးရွာစာကြည့်တိုက်များ ခိုင်မာစွာ ရပ်တည်ဖွင့်လှစ်ထားနိုင်ရန် ထောက်ပံ့ ငွေကျပ်သိန်း ၆၀ နှင့် ပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် စာကြည့်တိုက် ၁၀တိုက်ထပ်မံဆောက်လုပ်နိုင်ခဲ့သည်။
အချို့ကျေးရွာများတွင် တစ်ဦး တည်းအလှူရှင်ပေါ်ပေါက်၍ စာကြည့် တိုက်များထူထောင်ဖွင့်လှစ်ပေးခြင်း၊ စုပေါင်းအလှူရှင်များဖြင့် စာကြည့် တိုက်များ ဆောက်လုပ်ပေးခြင်းများ လည်းရှိသည်။
စာကြည့်တိုက်များတည်ဆောက် ပြီးသည်နှင့် ပရိဘောဂနှင့်စာအုပ်စာ စောင်အလှူရှင်များကလာရောက်လှူ ဒါန်းပေးခြင်းအပြင် မြန်မာနိုင်ငံစာ ကြည့်တိုက်များဖောင်ဒေးရှင်းမှလည်း စာအုပ်စာစောင်များအခမဲ့ ထောက် ပံ့ပေးအပ်လှူဒါန်းကြသည်။
စာကြည့်တိုက် ဖွင့်ပွဲများတွင် ကျေးလက်နေပြည်သူများ၏ ဝမ်းသာ ပီတိစကားသံများဖြင့် ပြည့်လျှံနေ လျက်ရှိရာ ထိုအထဲမှ ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာမှ အသက် ၇၅ နှစ်အရွယ်ရှိ အဘိုးတစ်ဦးက "အရင် ကတော့ စာကြည့်တိုက်ဖွင့်ခဲ့ပါတယ် ကြာတော့လည်း ပျက်စီးပြီး စာအုပ် တွေလည်းပျောက်ကုန်ခဲ့တယ်။ အခု ဆောက်တဲ့စာကြည့်တိုက်က ကွန် ကရစ်တစ်ထပ်တိုက်ဆိုတော့ သားစဉ် မြေးဆက် တည်တံ့မှာသေချာ တယ်"ဟု ရင်တွင်းပီတိစကားသံလည်း ကြားသိခဲ့ရသည်။ ယခုအခါ စာကြည့် တိုက်များ ခိုင်မာစွာထူထောင်ဖွင့် လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် အသိပညာ ဗဟုတများစွာဖွံ့ဖြိုးတိုးတက်ရရှိလာ မည်ဖြစ်ပေသည်။ သူရထွန်း(မကွေး)

No comments:

Post a Comment