Monday, February 24, 2014

BMW Motor Rad Club အဖွဲ့မကွေးသို့ရောက်ရှိလာ



မကွေး ဖေဖော်ဝါရီ ၂၃
မလေးရှားနိုင်ငံမှ BMW Motor Rad Club အဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက် မွန်းတည့် ၁၂ နာရီက မကွေးမြို့သို့ ရောက်ရှိလာ ခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံသား ၁၂ ဦး မောင်းနှင်လာသော BMW R (၁၂၀၀)နှင့် F(၈၀၀)ရောင်စုံဆိုင်ကယ် ၁၂ စီးသည် ဖေဖော်ဝါရီ ၁၇ ရက် က မြ၀တီသို့ စတင်ရောက်ရှိခဲ့၍ ဖေဖော်ဝါရီ ၁၈ ရက်တွင် နေပြည် တော်သို့ ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀ ရက်အထိ ပုဂံဘုရား များကို လှည့်လည်ကြည့်ရှုကာ ပုဂံတွင် နှစ်ညအိပ်ခဲ့ပြီး မကွေးမြို့သို့ ၂၁ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။
မကွေးမြို့တွင် ခေတ္တခဏ နားခိုပြီး ပြည်မြို့သို့ ဆက်လက် ထွက်ခွာကြမည်ဖြစ်ပြီး မြ၀တီမြို့ သို့ ၂၅ ရက်အရောက် ခရီးဆက် မောင်းနှင်သွားကြမည် ဖြစ်ကြောင်း သိရသည်။
"အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို ဒါပထမဆုံးအကြိမ် ရောက်ရှိလာ ခဲ့ခြင်း ဖြစ်ပါတယ်။ ဖြတ်သန်းလာတဲ့ လမ်းခရီးမှာလည်း ကောင်းမွန်တဲ့ လမ်းညွှန်ကူညီမှုတွေ ရရှိခဲ့တာ ကြောင့် အခက်အခဲတစ်စုံတစ်ရာမရှိ ခဲ့ပါဘူး။ ရောက်တဲ့မြို့တိုင်းမှာ မြန်မာလူမျိုးတွေရဲ့ ဖော်ရွေတဲ့ ဆက်ဆံမှုကို တွေ့ရတဲ့အတွက် အလွန်ပဲ ကြည်နူးဝမ်းသာနေကြ တယ်။ ဒီခရီးဟာလည်း နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ရှေးရှုပြီး လာရောက်ခဲ့ခြင်းဖြစ်ပါတယ် " ဟု ဧည့်လမ်းညွှန်က တစ်ဆင့် ပြောပြ သွားခဲ့သည်။ ပိုင်ဇေ(မကွေး)

No comments:

Post a Comment