Tuesday, February 25, 2014

အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုဆပ်ကော်မတီ (Delivery Unit) မှ ပြည်တွင်း လုပ်ငန်းရှင်များသို့ အသိပေးခြင်း

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုဆပ်ကော်မတီ (Delivery Unit)၏ စီစဉ်ကြီးကြပ်မှုဖြင့် ဂျာမနီနိုင်ငံ နှင့် ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ Joint Venture စနစ်ဖြင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်လိုသော မြန်မာလုပ်ငန်းရှင်များအနေဖြင့် အောက်ပါလိပ်စာသို့ ဆက်သွယ်မေးမြန်း စာရင်းပေးထားနိုင်ပါကြောင်းနှင့်
လာရောက်ဆက်သွယ်သော မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ၏ အခြေအနေ၊ ဆောင်ရွက်လိုသော လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းလိပ်စာ၊ ဆက်သွယ် ရမည့် လိပ်စာများကို စုစည်း၍ ဂျာမနီနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ ပေးပို့လျက် ယင်းနိုင်ငံများမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံစေခြင်း (Business Matching) ပြုလုပ်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း သိရသည်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (စက်မှုဝန်ကြီးဌာန)
အမှတ် (၃၅ဘီ/၅) တက္ကသိုလ်ရိပ်သာ လမ်းသစ် ဗဟန်းမြို့နယ်
ဖုန်း-၀၁-၈၆၀၃၈၂၆၊ ၀၁-၈၆၀၃၈၂၇၊ ဖက်စ်-၀၁-၅၄၆၀၅၁၊ e-mail-smecentre 35b@ gmail.com
ဦးအောင်မျိုးခိုင်
ဒုတိယညွှန်ကြားရေးမှူး
ဖုန်း-၀၉-၅၁၅၃၉၄၆
ဒေါက်တာအိရွှေစင်ထွန်း
လက်ထောက်ညွှန်ကြားရေးမှူး
ဖုန်း-၀၉-၅၄၀၇၇၁၅
ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်မြို့တို့မှ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လိုသည်ဟု ညှိနှိုင်းဆွေးနွေးထားကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment