Monday, February 24, 2014

မိခင်နှင့်ကလေးမွေးကင်းစမေးခိုင်ရောဂါကင်းဝေးပပျောက်ရေးစည်းဝေး





နေပြည်တော်-ဖေဖော်ဝါရီ(၂၄)
မိခင်နှင့်ကလေး မွေးကင်းစမေးခိုင်ရောဂါ ကင်းဝေးပပျောက်ခြင်း ဆက်လက်ထိန်းသိမ်းရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နင်းရေး အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်က အမှာစကားပြောကြားသည်။

 အစည်းအဝေးတွင် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ကျောင်းအခြေပြု ကာကွယ်ဆေး ထိုးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ကိုယ်ဝန်စောင့်ရှောက်မှု လွှမ်းခြုံခြင်းကောင်းမွန်စေရန်၊ သန့်ရှင်းစွာမွေးဖွား ခြင်းနှင့် ချက်ကြိုးကို ကောင်းမွန်စွာစောင့်ရှောက်ရန်၊ မေးခိုင်ကာကွယ်ဆေးထိုးခြင်းကို သတ်မှတ်ကြိမ်အတိုင်း ထိုးနှံနိုင်ရန်လုပ်ငန်းများကို ဝန်ကြီးဌာနများ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment