မြန်မာ့အရေးသာမက ကမ္ဘာ့အရေးကိုပါ လွှမ်းခြုံသုံးသပ်လိုပါသည်။ ပစ္စုပ္ပန်အရေးမျှသာမကအတိတ် သမိုင်း ဖြစ်ရပ်များနှင့် အနာဂတ်အရေးတို့ကိုပါ မျှော်တွေး ဆင်ခြင်ကြည့်မိခြင်းဖြစ်ပါသည်။
မြန်မာ့အရေးသာမက ကမ္ဘာ့အရေးကိုပါ လွှမ်းခြုံသုံးသပ်လိုပါသည်။ ပစ္စုပ္ပန်အရေးမျှသာမကအတိတ် သမိုင်း ဖြစ်ရပ်များနှင့် အနာဂတ်အရေးတို့ကိုပါ မျှော်တွေး ဆင်ခြင်ကြည့်မိခြင်းဖြစ်ပါသည်။
စလုပ်ပါ
စာဖတ်သူဖြစ်ဖူးမယ်ထင်ပါတယ်။ အလုပ်စားပွဲမှာ အလုပ်လုပ်နေတုန်း မတွေ့ရတာကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်။ သူငယ်ချင်းရဲ့ ဖုန်းနံပါတ်ကိုမှတ်ဖို့ ဘောပင်ရှာ တော့အလွယ်တကူရှာမတွေ့ဖြစ်တယ်။ သူငယ်ချင်းကို ခဏဖုန်းကိုင်ထားဖို့ပြောပြီး ဘောပင်ကို ရှာတယ်။ ရှုပ်ထွေးနေတဲ့ ဖိုင်အပုံတွေကြားထဲမှာ ရှာတယ်။ မတွေ့ဘူး။ “ဒီနားလေးတင် ထားမိတာပါ”ဆိုပြီး ဖိုင်တွေကို လှန်ရှာတယ်။ ရုံးကိုမတင်ရသေးတဲ့စာတွေ၊ မဆောင်ရသေးတဲ့ တယ်လီဖုန်းဘေလ်တွေ၊ ပျောက်နေတဲ့ဖိတ်စာတွေပဲ ထွက်လာတယ်။
နိဒါန်း
၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ မဲခွဲဆုံးဖြတ်ချက် အရ ပါလက်စတိုင်းဒေသ၌ ဂျူးလူမျိုးများအတွက် နိုင်ငံတစ်နိုင်ငံ ထူထောင်ခွင့်ရရှိခဲ့ပါသည်။ ထိုဆုံးဖြတ် ချက်အရ ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့တွင် နိုင်ငံထူထောင်ကြောင်း ကြေညာခဲ့ ပါသည်။ ထိုနိုင်ငံမှာ ခေတ်သစ်ဂျူနိုင်ငံဟုခေါ်သော အစ္စရေးနိုင်ငံပင်ဖြစ်သည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ သတ္တမ အကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ကမကထ ပြုကျင်းပမှာ ဖြစ်ပါတယ်။
မြန်မာ့အရေးသာမက ကမ္ဘာ့အရေးကိုပါ လွှမ်းခြုံသုံးသပ်လိုပါသည်။ ပစ္စုပ္ပန်အရေးမျှသာမက အတိတ် သမိုင်းဖြစ်ရပ်များနှင့် အနာဂတ်အရေးတို့ကိုပါ မျှော်တွေး ဆင်ခြင်ကြည့်မိခြင်းဖြစ်ပါသည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၆ ရက် ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီ အစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်အတွင်း တည်ဆောက်ထားတဲ့ မိုင်တဲလ်တာဝါတိုင် ၁၁ ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တစ်ချိန်တည်းမှာပဲ ချိန်ကိုက်ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ် ဆိုပြီး Pyu Regional News ဆိုတဲ့ ရုပ်သံတစ်ခုကို ပြည်ပအခြေစိုက်မြန်မာ သတင်းဌာနတွေက စက်တင်ဘာလ ( ၇ ရက်နေ့မှ စတင်ပြီး လူမှုကွန်ရက်ပေါ်မှာ အဆက်မပြတ် ထုတ်လွှင့်ပြသခဲ့တာကို အားလုံးတွေ့ကြရမှာ ဖြစ်ပါတယ်။
စစ်မီးလျှံကြားမှ မြန်မာဝန်ထမ်းတစ်ဦး
အချိန်ကာလမှာ ၉၄၂ ခုနှစ်။ ဒုတိယကန္တာ
စစ်ကာလ။
မြန်မာနိုင်ငံအတွင်းသို့ ချီတက်ဝင်ရောက် လာပြီဖြစ်သော ဂျပန်တပ်များသည် အဆင့်ဆင့် ဆုတ်ခွာလျက်ရှိသည့် ဗြိတိသျှတပ်များနောက်သို့ မြေပြင်တွင် လိုက်လံတိုက်ခိုက်လျက်ရှိသကဲ့သို့ ကောင်းကင်ယံမှလည်း ဗုံးကြဲတိုက်ခိုက်နေချိန် ဖြစ်သည်။
လူကုန်ကူးခြင်းသည် ခေတ်သစ်ကျေးကျွန်ပြုခြင်းပင်ဖြစ်သည်။ လူကုန်ကူးခံရသူသည် လုပ်အားခေါင်းပုံဖြတ်ခံရခြင်းနှင့် လိင်အကြမ်းဖက်ခံရခြင်းများကို ခါးစည်းခံရလေ့ရှိသည်။ အမျိုးသမီးများနှင့် ကလေးငယ်များသည် အများဆုံးလူကုန်ကူးခံရလေ့ရှိသည်။ အမျိုးသမီးများသည် လိင်ကျေးကျွန်အဖြစ် ရောင်းချခံကြရပြီး ကလေးငယ်များသည် လိင်အကြမ်းဖက်မှုနှင့် လုပ်အားခေါင်းပုံဖြတ်မှုခံကြရသည်။ လူကုန်ကူးခံရသူများသည် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဖြတ်တောက်ထုတ်ယူခံရသည့် အသက်အန္တရာယ်နှင့်လည်း ကြုံတွေ့ရတတ်ပါသည်။
ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးတစ်ခုလုံး ကိုဗစ်- ၁၉ ကူးစက်ရောဂါ ပြန့်ပွားလျက်ရှိသည်။ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးစသည့် ကဏ္ဍပေါင်းစုံတွင် နစ်နာမှုများနှင့် ရင်ဆိုင်နေကြရသည်။ ကူးစက်ရောဂါကြောင့် ကမ္ဘာအနှံ့ စာသင်ကျောင်းများနှင့် အခြားပညာသင်ယူခွင့် ရသည့်နေရာများ ပိတ်ထားခဲ့ရပြီး နိုင်ငံပေါင်း ၁၉၀ ကျော်က ပညာသင်ယူနေသူ စုစုပေါင်း ၁ ဒသမ ၆ ဘီလီယံနီးပါးနှင့် အခြေခံပညာ ဆရာ ဆရာမ ၆ ဒသမ ၃ သန်းခန့်အပေါ် သက်ရောက်မှုများရှိခဲ့ပါသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးသော ပညာသင်ယူရေးဆုံးရှုံးမှု၊ ပြတ်တောက်မှုကြီးကို ဖြစ်ပေါ်စေခဲ့ကြောင်း ကုလသမဂ္ဂနှင့်ကမ္ဘာ့ပညာရေးအဖွဲ့များ၏ ဆန်းစစ်ချက်များတွင် ဖော်ပြထားပါသည်။ ၎င်းသက်ရောက်မှုကို အလျင်အမြန် တုံ့ပြန်ကုစားနိုင်မှသာ အနာဂတ်မျိုးဆက်သစ်များအပေါ် ဆယ်စုနှစ်ကျော် တိုးတက်မှုများပျောက်ဆုံးနိုင်သည့် ခြိမ်းခြောက်မှုကို ဖြေရှင်း နိုင်မည်ဖြစ်သည်။
စာချစ်သူ
သူတော်ကောင်းတို့ မွေ့လျော်ရာ စစ်ကိုင်းတောင်ရိုး၏ နေဝင်ရီသရောအချိန်။ နေမင်းကြီးသည် လောကဓာတ်ကို တစ်နေ့တာအလင်းဓာတ်တို့ဖြန့်ဝေပေးပြီး နောက် ခေတ္တအနားယူခါစ၊ တစ်ဆက်တည်း မှာပင် လောကသားတို့ ချမ်းမြသာယာစေဖို့ သီတဂူစန်းလကလည်း ထွက်ပေါ်စအချိန်။
သိုက်စိုးထွန်း (နတ်ရွာ)
“ပုစွန်ဆိတ်ကလေးဘယ်လိုငယ်၊ ပင်လယ်ကူးတတ်တယ်” တဲ့။ ကိုယ်ခန္ဓာသေးသေးမွှားမွှား ကလေးဖြစ်ပေမယ့် ဒီပုစွန် ဆိတ်ကလေးတွေကတဝေါဝေါတဝုန်းဝုန်းနဲ့ လှိုင်းလုံးကြီးတွေရိုက်ခတ်နေတဲ့ ပင်လယ်ပြင် ကျယ်ကြီး ထဲမှာ လက်ပစ်ကူးနိုင်ကြသတဲ့။
ဒေါက်တာသန်းနိုင်စိုး
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
နေ့စဉ်တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာနေထိုင်ရင်း နည်းပညာခေတ်ရောက်လာတာနဲ့အမျှ စိတ်ပျံ့လွင့်စရာ၊ အာရုံစူးစိုက်ရမယ့် အရာတွေက များပြားလာ ပါတယ်။ ဘဝမှာ အခက်အခဲတွေ ကလည်း စိန်ခေါ်မှုအသွင်နဲ့ ရှိနေပါတယ်။
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (The United Nations Educational, Scientific and Cultural Organization - UNESCO) ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် (၁၄) ကြိမ်မြောက် UNESCO ညီလာခံ၌ နှစ်စဉ်စက်တင်ဘာလ ၈ ရက်နေ့ကို နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ (International Literacy Day) အဖြစ်သတ်မှတ်ကြေညာခဲ့သည်။ UNESCO အဆိုအရကမ္ဘာ့လူဦးရေ ၇၈၁ သန်းခန့်သည် အခြေခံစာကိုပင် ရေးနိုင်၊ ဖတ်နိုင်စွမ်းမရှိသေးဟု ဆိုသည်။ တောင်အာရှနှင့် အနောက်အာရှ “ဒေသတွင် အရွယ်ရောက်သူ စာတတ်မြောက်မှုနှုန်းသည် အနိမ့်ဆုံးဖြစ်ပြီး ပြည်သူ ၅၈ ဒသမ ၆ ရာခိုင် နှုန်းသာ စာတတ်ကြသည်။ ။
ပြီးခဲ့တဲ့ရက်သတ္တပတ်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် လျှပ်စစ်ရုံးနားမှာ အမှိုက်ကောက်တဲ့ ကလေးငယ်လေးတစ်ယောက်ဟာ အမှိုက်ထဲမှာ ပြန်လည်ရောင်းချ လို့ရနိုင်တဲ့ ပစ္စည်းလေးတွေ ကိုရှာရင်း၊ ဖွေရင်း ဗုံးထည့်ထားတဲ့ အထုပ်တစ်ထုပ်ကို ဆွဲမိရာက ဗုံးပေါက်ကွဲလို့ ဒဏ်ရာအပြင်း အထန်ရခဲ့ပါတယ်။ ဒဏ်ရာရတဲ့ကလေးကို သက်ဆိုင်ရာက ဆေးရုံကိုပို့ပေးပြီး အန္တရာယ်မရှိအောင် ကုသပေးနိုင်ခဲ့ပေမယ့် လက်တစ်ခုလုံး ဗုံးထိကျေမွ ဒဏ်ရာရခဲ့လို့ လက်ကောက်ဝတ်ကနေ ဖြတ်တောက်ပစ်လိုက်ရတဲ့ ဒုက္ခိတဘဝကို ရောက်ခဲ့တယ် လို့သိရပါတယ်။
သမဝါယမလုပ်ငန်းသည် တစ်ဦး၊ တစ်စု၊ တစ်ဖွဲ့၏ အတ္တအကျိုးအတွက် ဦးတည်ဆောင် ရွက်နေသော စီးပွားရေးလုပ်ငန်းမျိုးမဟုတ်ပေ။ အများအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ရန် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းလျက် မူဘောင်အတွင်းမှ ဆောင်ရွက်ရသော လူမှုစီးပွားရေး လုပ်ငန်း အမျိုးအစားဖြစ်၍ နိုင်ငံတော်အစီအစဉ်ဖြင့် ဝန်ကြီးဌာနဖွဲ့စည်းလျက် ပံ့ပိုးကူညီလမ်း ညွှန်မှုပေးနေခြင်းဖြစ်သည်။ ၁၉၀၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ပြည်သူများ၏ ဆင်းရဲဒုက္ခမှ ကယ်တင်ရန် သမဝါယမပေါ်ပေါက်လာ ခြင်းဖြစ်ရာ ယခုဆိုလျှင် နှစ်ပေါင်း ၁၁၆ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ပြီးခဲ့တဲ့ ငါးနှစ်တာ အစိုးရခေတ်ကာလအတွင်းက တာဝန်ရှိသူအချို့နဲ့ ဝန်ကလေး၊ ဝန်ကြီးအချို့ရဲ့ အဂတိလိုက်စားခဲ့မှုတွေအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ကော်မရှင်က အမှုဖွင့်အရေးယူမှုသတင်းတွေ ဆက်တိုက်နီးပါး မြင်ရကြားရချိန်မှာ စိတ်လက်မချမ်းမသာဖြစ်ရတယ်။ တစ်ခေတ်တစ်ခါက အဂတိကင်းစင်ငွေစာရင်းမင်းကြီး ဦးဘခင်အကြောင်းကို ဓမ္မာစရိယ ဦးဌေးလှိုင်ရဲ့ ဓမ္မဒူတစာအုပ်မှာ လေ့လာဖတ်ရှုလိုက်ရတော့မှ စိတ်လက်အတော် ပေါ့ပါးသက်သာရာရခဲ့ကြောင်း ပါဗျာ။
(ယမန်နေ့မှအဆက်)
ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း
မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီး အသက် ၂၅ နှစ်ပြည့်ပြီးသည့် ကာဇက် စတန်နိုင်ငံအတွင်း လွန်ခဲ့သည့် ၁၀ နှစ် အတွင်းနေထိုင်သော နိုင်ငံသားများသည် လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ တရားရုံး၏ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသောသူ များအားဝင်ရောက် ယှဉ်ပြိုင်ခွင့်မပြုပါ။ ထို့အပြင် လွှတ်တော်ပြင်ပ၌ လစာဖြင့်တာဝန်ထမ်း ဆောင်နေသူများ၊ အခြားလွှတ် တော်တစ်ရပ်ရပ်တွင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူများ၊ စာပေသင်ကြားပို့ချခြင်း၊ သုတေသနပြုခြင်းနှင့် အခြားတီထွင်ဖန်တီးမှု လုပ်နေသူများမှ အပစွန့်ဦးတီထွင် စီးပွားရေးသမားများ သို့မဟုတ် လစာ ၂ ဖြင့် အလုပ်လုပ်ကိုင်နေသူများ၊ စီးပွားရေးရာ အဖွဲ့အစည်းတစ်ခုခုတွင် စီမံခန့်ခွဲရေး အဆင့်အဖွဲ့ဝင် သို့မဟုတ် စီမံအုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသူများလည်း ကိုယ်စား လှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ် ပြိုင်ခွင့်မရှိပါ။