နေပြည်တော်-ဖေဖော်ဝါရီ(၂၄)
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော်fလွင် သည် ဖေဖော်ဝါရီ(၂၃)ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်တံတား
အမှတ်(၂) တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ပြီး ပင်မတံတား သံပေါင်တပ်ဆင်ရန် Temporary
Support ဆောင်ရွက်နေမှု၊ ရေလယ်တိုင်များ Cross Beam ကွန်ကရစ် သွန်းလောင်းပြီးစီးမှု၊
ဘုရင့်နောင်ဘက်ကမ်း ချဉ်းကပ်လမ်း ကျောက်ခင်းနေမှု၊ ချဉ်းကပ်တံတား ကတ္တရာကွန်ကရစ် (AC)
ခင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေး
သည်။
ထို့နောက် လှိုင်သာယာဘက်ကမ်း၌ ချဉ်းကပ်လမ်းဆောင်ရွက်ပြီးစီးမှု၊
ကတ္တရာကွန်ကရစ် (AC) ခင်းကျင်းထားမှု၊ လူသွားလမ်းလက်ရန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်
လှိုင်သာယာမြို့နယ်ရှိ အိမ်ရာစီမံကိန်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။(သတင်းစဉ်)

No comments:
Post a Comment