Friday, February 21, 2014

အသိပေးကြေညာ

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနသည် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် ဆက်သွယ်ရေးနည်းပညာဖြင့် အထောက်အကူပြုနိုင်ရန် အတွက်လည်းကောင်း၊ ဖွံ့ဖြိုးတိုး တက်လာနေသော ဆက်သွယ်ရေးကဏ္ဍတွင် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် အခွင့်အလမ်းတူမျှစွာဖြင့် ပွင့်လင်းမြင်သာသည့် ယှဉ်ပြိုင်မှုများဆောင်ရွက်နိုင်စေရန်
အတွက် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေး ဥပဒေနှင့် အညီ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်ခြင်း၊ ဆက်သွယ်ရေးစက်ပစ္စည်းများ အသုံးပြုခြင်း၊ တင်သွင်း ရောင်းချခြင်းတို့ကို စနစ်တကျဖြစ်စေရန်အတွက်လုပ်ထုံးလုပ်နည်းများကိုတစ်ဆင့်ချင်း ဖြေလျှော့ ဆောင်ရွက် ပေးလျက်ရှိပါသည်။

၂။ ယခုအခါတွင် အချို့သောပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများသည် လိုင်စင်ရယူထားခြင်းမရှိဘဲ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ဆက်သွယ်ရေးစက်ပစ္စည်းများ အသုံးပြုခြင်းနှင့် တင်သွင်းရောင်းချခြင်း များကို တရားမဝင်ဆောင်ရွက်နေကြောင်း တွေ့ရှိနေရပါသည်။
၃။ သို့ဖြစ်ပါ၍ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေး ပစ္စည်းအသုံးပြုခြင်း၊ ဆက်သွယ်ရေးစက်ပစ္စည်းများ တင်သွင်းရောင်းချခြင်းတို့နှင့် စပ်လျဉ်း၍ ဆက်သွယ်ရေးဥပဒေနှင့်အညီ တရားဝင် ဆောင်ရွက်ကြပါရန်နှင့် တရားမဝင်ဆောင်ရွက် လုပ်ကိုင်နေကြောင်း တာဝန်ရှိသူများမှ စစ်ဆေး တွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရ မည်ဖြစ်ကြောင်း ထပ်မံ၍ အသိပေးကြေညာအပ်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန

No comments:

Post a Comment