Tuesday, February 25, 2014

စာပေဟောပြောပွဲနှင့် ကာတွန်းပြပွဲကျင်းပ

မြ၀တီ ဖေဖော်ဝါရီ ၂၄
(၆၉)ကြိမ်မြောက် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ အခမ်း အနားနှင့် ကာတွန်းပြပွဲအခမ်းအနားကို မြ၀တီခရိုင် မြ၀တီမြို့နယ် သောင်ရင်း ခန်းမ၌ ဖေဖော်ဝါရီ ၂၀ ရက်နှင့် ၂၁ ရက်က ကျင်းပရာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန်က အမှာစကားပြောကြားပြီး မြို့နယ် စာရေး ဆရာအသင်းဥက္ကဋ္ဌ ဦးသက်ဦးနိုင်က ကျေးဇူးတင်စကားပြောကြား
သည်။

ဆက်လက်၍ ကရင်ပြည်နယ် သတင်းစာဆရာအသင်း အတွင်းရေးမှူး သတင်းထောက် ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီးနောက် စာရေးဆရာ ချစ်ဦးညို၊ ဆရာလင်းသိုက်ညွန့်၊ စာရေးဆရာ မောင်ငြိမ်းသူ၊ သောင်းဝေဦး(အငြိမ်းစား)တို့က စာပေဗဟုသုတ ရသစာပေများ ကို ဟောပြောခဲ့ကြကြောင်းသိရသည်။ နဒီမြင့်မိုရ်(မြ၀တီ)

No comments:

Post a Comment