Tuesday, February 25, 2014

ဓမ္မမောဠိအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာစာပေသင်ကြားရေးဌာနဖွင့်လှစ်



ရန်ကုန်-ဖေဖော်ဝါရီ(၂၄)
မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထိပ်ရှိ ဓမ္မမောဠိဝိဟာရ သီလရှင်စာသင်တိုက်တွင် တည်ထားကိုးကွယ်သော မဟာဓမ္မရာဇာ ဆုတောင်းပြည့် စေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် အောင်မင်္ဂလာ နဂါးရုံမြတ်စွာဘုရား ရေစက်ချပွဲ၊
ပညာဒီပံ လေးထပ်ကျောင်း ဆောင်သစ်ကြီး ဖွင့်ပွဲနှင့် ဓမ္မမောဠိ အပြည်ပြည်ဆိုင်ရာ သီလရှင်ဗုဒ္ဓဘာသာ စာပေသင်ကြားရေး ဌာန ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲတွင် အဆိုပါစာသင်တိုက်၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဓမ္မမောဠိဝိဟာရ သီလရှင်စာသင်တိုက်မှ သီလရှင်ဆရာကြီး သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဒေါ်မောဠိနီတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
 ထို့နောက် ဓမ္မမောဠိဝိဟာရ သီလရှင်စာသင်တိုက်ရှိ သာသနိကအဆောက်အအုံများ ဆောက်လုပ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ငွေကျပ် (၂၀၀၀၀၀)နှင့် ဗီယက်နမ်နိုင်ငံ သီလရှင်များအဖွဲ့က ငွေကျပ်(၈၀၀၀၀၀)နှင့် ဆေးပစ္စည်းများအား ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment