Friday, February 21, 2014

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) ကိုရီးယား-ရန်ကုန် ခရီးစဉ်စတင်



ရန်ကုန် ဖေဖော်ဝါရီ ၂၀
မြန်မာပြည်၏ တစ်ခုတည်းသော I IOSA လက်မှတ်ရ လေကြောင်းလိုင်းဖြစ်သော အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း(MAI)သည် Korean Air ၊ Asiana Airlines  တို့နှင့် Code Share အကျိုးတူပူးပေါင်း၍ ၂၀၁၃  ခုနှစ်မှစတင်၍ ကိုရီးယားခရီးစဉ် ရန်ကုန်-ဆိုးလ်-ရန်ကုန် ခရီးစဉ်များကို ပျံသန်းလျက်ရှိရာ ယခု ဖေဖော်ဝါရီ ၂၁ ရက်တွင် ကိုရီးယားနိုင်ငံ Pusan  အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စင်းလုံးငှား (Charter) ခရီးစဉ်အနေဖြင့် ပထမဆုံးအကြိမ် ပျံသန်း ပေးခြင်းဖြစ်သည်။ ထို့ပြင် ကိုရီးယား-ရန်ကုန် နေ့စဉ်ပုံမှန် (Schedule) ခရီးစဉ်များကိုလည်း ပျံသန်းပြေးဆွဲပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ရန်ကုန်မြို့မှ ဗန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ စီရမ်ရိ၊ ဖနောင်ပင်နှင့် ဂါယာမြို့များသို့ Airbus A-320  (ခရီးသည် ၁၈၀ ဆံ့) Airbus A-319  (ခရီးသည် ၁၂၀ဆံ့) လေယာဉ်များဖြင့် ပုံမှန်ပျံသန်းပေးလျက်ရှိပြီး (Charter Flight) စင်းလုံးငှား ခရီးစဉ်များကိုလည်း သွားလိုသည့် ပြည်ပနိုင်ငံများအတွက်  အချိန်မရွေး ဆက်သွယ်ငှားရမ်းနိုင်သည်။ ပြည်တွင်းခရီးစဉ်များအတွက်လည်း စင်းလုံးငှားခရီးစဉ်များအား ဝန်ဆောင်မှုအပြည့်၊ ဈေးနှုန်းအသက် သာဆုံးဖြင့် ခရီးသည်များ၊ စိတ်ချစွာ သွားလာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI) သည် ၁၉၉ခုနှစ်မှစတင်ကာ ပြည်ပခရီးစဉ်များအား ပျံသန်းပေးလျက်ရှိပြီး ရာနှုန်းပြည့် အန္တရာယ်ကင်း လေကြောင်းလိုင်း အဖြစ် ရပ်တည်နေသည်။ လေယာဉ် စင်းလုံးငှား (Charter Flight) များ အတွက် ဖုန်း ၀၁-၂၅၅၂၆၀၊ လိုင်းခွဲ ၄၀၁ သို့ ဆက်သွယ်နိုင်ကြောင်း သိရ သည်။

No comments:

Post a Comment