Friday, February 21, 2014

ထင်းသယ်ကားပေါ်မှ ပြုတ်ကျ လူနှစ်ဦးသေဆုံး



 ကျောက်တံခါး ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် မြို့ချောင်းရဲစခန်းအပိုင် ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင် တိုင်အမှတ် (၇၉/၂)နှင့် (၇၉/၃)ကြား တွင် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၀ နာရီကထင်းသယ်ကားပေါ်မှ လူနှစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကျောက်တံခါးမြို့နယ် ဆီဆုံကုန်းကျေးရွာအုပ်စု ဆီဆုံကုန်း ကျေးရွာနေ ယာဉ်မောင်းစောတင်ဇော် (၃၂ နှစ်)
မောင်းနှင်လာသော ယာဉ်အမှတ် ၉ဌ/... ဖောကား အပြာရောင် ခြောက်ဘီးယာဉ်သည် တောင်ပေါ်မှ ဒေသသုံးထင်းများ တင်ဆောင်ပြီး မောင်းနှင်လာစဉ် အဆိုပါ မိုင်တိုင်အရောက်၌ ဂျက်ကြိုး ပြုတ်ကျ၍ ယာဉ်ပေါ်လိုက်ပါလာသည့် ဆီဆုံကုန်းရွာသား ၁၀ ဦးအနက် စောဘိုဦးတွယ် (၂၆ နှစ်)မှာ ဦးခေါင်း ထိပ်ပေါက်ကွဲဒဏ်ရာနှင့် စောအယ် နေမှူး (၃၄ နှစ်)မှာ နဖူးပေါက်ကွဲ ဒဏ်ရာများရရှိ၍ ၎င်းတို့နှစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး စောဝင်း ဗိုလ် (၄၆ နှစ်)နှင့် ဦးစောကီးကီး အပါအဝင်ရှစ်ဦးမှာ ဒဏ်ရာများရရှိပြီး ဖဒိုတိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြို့ချောင်းအမြန်လမ်း ရဲစခန်း စခန်းမှူး ရဲအုပ်ဌေးအောင်က စစ်ဆေးဆောင်ရွက်၍ ယာဉ်မဆင် မခြင်မောင်းနှင်သူ စောတင်ဇော်အား အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။ ခင်ကို(ကျောက်တံခါး)

No comments:

Post a Comment