Tuesday, February 25, 2014

အသိပေးကြေညာခြင်း



၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန သည် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆက်သွယ်ရေး နည်းပညာဖြင့် အထောက်အကူ ပြုနိုင်ရန် အတွက်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက် လာနေသော ဆက်သွယ်ရေး ကဏ္ဍတွင် ပြည်တွင်း ပြည်ပမှ ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် အခွင့်အလမ်း တူမျှစွာဖြင့် ပွင့်လင်းမြင်သာသည့် ယှဉ်ပြိုင်မှုများ ဆောင်ရွက်နိုင်စေရန် အတွက်လည်းကောင်း ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေး ဥပဒေနှင့် အညီ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ဆက်သွယ်ရေး စက်ပစ္စည်းများ အသုံးပြုခြင်း၊ တင်သွင်း ရောင်းချခြင်းတို့ကို စနစ်တကျ ဖြစ်စေရန်အတွက် လုပ်ထုံး လုပ်နည်းများကို တစ်ဆင့်ချင်းဖြေလျှော့ ဆောင်ရွက်ပေးလျက် ရှိပါသည်။

၂။ ယခုအခါတွင် အချို့သော ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများသည် လိုင်စင် ရယူထားခြင်းမရှိဘဲ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ဆက်သွယ်ရေး စက်ပစ္စည်းများ အသုံးပြုခြင်းနှင့် တင်သွင်းရောင်းချခြင်း များကို တရားမဝင် ဆောင်ရွက်နေကြောင်း တွေ့ရှိနေရပါသည်။
၃။ သို့ဖြစ်ပါ၍ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေး ပစ္စည်းအသုံးပြုခြင်း၊ ဆက်သွယ်ရေး စက်ပစ္စည်းများ တင်သွင်း ရောင်းချခြင်းတို့နှင့် စပ်လျဉ်း၍ ဆက်သွယ်ရေး ဥပဒေနှင့်အညီ တရားဝင် ဆောင်ရွက် ကြပါရန်နှင့် တရားမဝင် ဆောင်ရွက် လုပ်ကိုင်နေကြောင်း တာဝန်ရှိသူများက စစ်ဆေး တွေ့ရှိပါက တည်ဆဲ ဥပဒေ များနှင့်အညီ အရေးယူခံ ရမည်ဖြစ်ကြောင်း ထပ်မံ၍ အသိပေးကြေညာ အပ်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန

No comments:

Post a Comment