Friday, February 21, 2014

ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ အကောင်အထည်ဖော်ဆောင်ရွက်

(၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံမှပေးပို့သည့် သဝဏ်လွှာအပြည့်
အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
ချစ်ခင်လေးစား အပ်ပါသော ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား
၁။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သော (၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်နေ့တွင် ဝမ်းမြောက် စွာဖြင့် ဂုဏ်ပြုနှုတ်ခွန်း ဆက်သအပ်ပါသည်။

၂။ ချင်းအမျိုးသားနေ့သည် ချင်းပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားအားလုံးနှင့် အကျုံးဝင်သက်ဆိုင်သော နေ့ထူးနေ့မြတ်ကြီးဖြစ် သည်သာမက မြန်မာနိုင်ငံသား တိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်သော နေ့တစ်နေ့လည်း ဖြစ်ပါသည်။
၃။ ပြည်ထောင်စု လွှတ်တော်အနေဖြင့်လည်း ပြည်ထောင်စုသား အားလုံး၏ လိုလားဆန္ဒရှိနေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေသော အချိန်ကာလလည်း ဖြစ်ပါသည်။
၎။ ဝိသေသထူးခြားသော ချင်းပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများ အပါအဝင် ပြည်ထောင်စုသား ညီအစ်ကိုမောင်နှမများ အားလုံးက ပြည်ထောင်စု လွှတ်တော်နှင့်အတူ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဥမကွဲ သိုက်မပျက် စည်းလုံးညီညွတ်စွာ အကောင်အထည်ဖော်ဆောင်ရွက် ရင်း ကျွန်ုပ်တို့၏ ရည်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီပြည်ထောင်စုနိုင်ငံအဖြစ် ထူထောင်နိုင်ကြပါစေ ကြောင်း သဝဏ်လွှာပေးပို့ အပ်ပါသည်။
သူရရွှေမန်း
နာယက
ပြည်ထောင်စုလွှတ်တော်

No comments:

Post a Comment