Monday, February 24, 2014

အသားစားကြက်မွေးမြူထုတ်လုပ်ရေးသင်တန်းဖွင့်




ရန်ကုန် ဖေဖော်ဝါရီ ၂၃ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနနှင့် မြန်မာစီပီလိုက်ဖ်စတော့ခ် ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းစီစဉ်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အင်းစိန်မြို့နယ်ရှိ သင်တန်းခန်းမ၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၂၁ ရက် အထိ နှစ်ပတ်ကြာ အသားစားကြက် မွေးမြူထုတ်လုပ်ရေး သင်တန်း ဖွင့်လှစ် ခဲ့ရာ
သင်တန်းသား ၂၄ ဦး တက် ရောက်ခဲ့ပြီး သင်တန်း၌ ကြက်မွေး မြူထုတ်လုပ်ခြင်း၊ ကြက်ရောဂါကာ ကွယ်ကုသခြင်း၊ ဈေးကွက်လေ့လာ ခြင်း ၊ တိရိစ္ဆာန် ကျန်းမာရေးနှင့်၊ ဖွံ့ဖြိုးရေးဥပဒေဘာသာရပ်၊ ဇီဝလုံခြုံမှုဘာသာ ရပ်စသည်တို့ သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment