Monday, February 24, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဒုတိယဝန်ကြီး Mr. Ai Ping ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နိုင်ငံတော် သမ္မတ အိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရချင်းသာမက ပြည်သူများပါ လက်တွေ့ ကျသော ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ တိုးမြှင့်အကောင်အထည်ဖော်နေမှု၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေမှု၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ဖော်ဆောင်နေမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များအား နှစ်ဦးနှစ်ဖက် မျှတအောင် ရင်းနှီးမြှုပ်နှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးအောင်ကြည်၊ ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ၊ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာ ဌာန ဒုတိယဝန်ကြီး ဦးဆောင်သော အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် စစ်သံမှူးတို့လည်း တက်ရောက်ကြသည်။

No comments:

Post a Comment