Saturday, February 22, 2014

ကျေးလက်ဒေသဖွံ့ဖြိုးဆိုင်ရာ ဆပ်ကော်မတီသို့ ကျေးလက်ဒေသသောက်သုံးရေရရေးနှင့် ပတ်သက်၍ အကြံပြု ချက်များအပေါ် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ပြည်သူများသိရှိစေရန် ထုတ်ပြန်ကြေညာ



ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ ၇-၁၁-၂၀၁၃ ရက်နေ့မကွေးတိုင်းဒေသကြီး ခရီးစဉ် တွင် ပြည်သူ လူထု ကိုယ်စားလှယ် များက ကျေးလက်ဒေသသောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေး ရန် အကြံပြုတင် ပြချက်များနှင့် စပ်လျဉ်း ၍ မွေးမြူရေး၊
ရေလုပ်ငန်းနှင့်ကျေး လက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ချောက်မြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့ နယ်၊ ငဖဲမြို့နယ်၊ ပခုက္ကူမြို့ နယ်၊ ရေစကြိုမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့တွင် ကျေးရွာ ၁၂ ရွာကို ခန့်မှန်း ကုန်ကျငွေကျပ် ၁၆၈ ဒသမ ၂ သန်းဖြင့် လည်းကောင်း၊
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ချောက်မြို့နယ်၊ မင်းဘူးမြို့နယ်၊ ပခုက္ကူမြို့ နယ်၊ ရေစကြိုမြို့နယ်၊မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်တို့တွင် ကျေးရွာ ၁၃ ရွာကိုခန့်မှန်းကုန်ကျငွေကျပ်၂၄၁ ဒသမ ၆ သန်းဖြင့် လည်းကောင်း ဆောင်ရွက်ရန် လျာထားပြီး ဖြစ်ပါ သည်။ မကွေးတိုင်းဒေသ ကြီးအတွင်း ကျေးရွာ ၃၈၄ ရွာ၊ ရေပေးရေးလုပ်ငန်း ၄၄၄ ခုဆောင်ရွက်ရန် ကျန်ရှိမှု အပေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၂၀၁၅၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် နှစ်နှစ် တွင် တစ်နှစ် လျှင်ကျေးရွာ ၁၀၀ နှုန်းဖြင့် ဘတ်ဂျက် လျာထားဆောင်ရွက်ပေး မည်ဖြစ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ၏ ၁၅-၁၁-၂၀၁၃ရက်နေ့ ပဲခူးတိုင်းဒေသကြီးခရီးစဉ်တွင် အကြံပြုတင်ပြသည့် သနပ်ပင်မြို့နယ်၊စဥ့်အိုးဘိုကျေးရွာ၊ ကျီးပင်စုကျေးရွာ၊ သနပ်တန်းကျေးရွာ၊ အောက် တကဲကျေးရွာ၊ ထောင်မင်းကျေးရွာ၊ အပိုင်ကျေးရွာ၊ ကမ်းပြိုကျေးရွာနှင့် လွှမ်းပြေကျေးရွာတို့တွင်ပေ (၁၀၀×၁၀၀×၆) ရေကန်သစ်တူးဖော်ခြင်း လုပ်ငန်းရှစ်ခုကို ခန့်မှန်းကုန်ကျငွေကျပ် ၆၄ သန်းဖြင့် လည်း ကောင်း၊ ငါးချဉ်ပိုင်း ကျေးရွာတွင်တွင်းနက် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းအား ခန့်မှန်း ကုန်ကျငွေ ကျပ်၁၂ သန်းဖြင့်လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ် (ဖြည့်စွက်) ဘတ်ဂျက်တွင် လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ဆက်လက်၍ သနပ်ပင်မြို့နယ်အတွင်းရှိ ကျူချောင်း၊ ကျွဲဖြူချောင်း၊အောက်သောင်၊ ညောင်ပင်စု၊ ဝဲပြန်၊ ကျီးပင်စု၊ ရစ်ကံလေးနှင့် ဖရဲကျေးရွာတို့တွင် သောက်ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းရှစ်ခုကို ခန့်မှန်း ကုန်ကျ ငွေကျပ် ၂၈ သန်းဖြင့် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ် (ဖြည့်စွက်) ဘတ်ဂျက်တွင် လျာထား ဆောင်ရွက် ပေးမည် ဖြစ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ၏ ၁၃-၁၂-၂၀၁၃ရက်နေ့ ရှမ်းပြည်နယ် ခရီးစဉ်တွင် အကြံပြုတင်ပြသည့် ကလောမြို့နယ်နန့်ပန်တက်ကျေးရွာ၊ ဝက်ဖြူရေကျေးရွာနှင့် မကွေကျေးရွာ တို့တွင် စိမ့်စမ်းရေသွယ်လုပ်ငန်း သုံးခု၊ ရေယောင်းမကျေးရွာတွင် အခြားရေပေးရေးလုပ်ငန်းတစ်ခု၊ သရက်ပု ကျေးရွာ၊ ကမ္ဘားနီကျေးရွာနှင့် ထနောင်းပင်ကျေးရွာတို့တွင် ရေကန်သုံးကန် စုစုပေါင်းရေပေးရေးလုပ်ငန်း ခုနစ်ခုကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ခန့်မှန်းကုန်ကျငွေကျပ် ၇၄ ဒသမ ၃ သန်းဖြင့်လည်းကောင်း၊ တောင်ကြီး မြို့နယ် တောင်လေးလုံးကျေးရွာအုပ်စု ဥမှင်ကျေးရွာနှင့် ဖက်နမ်ကျေးရွာတို့တွင် တွင်းနက်တူးဖော်ခြင်း လုပ်ငန်းသုံးခုကို၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ခန့်မှန်းကုန်ကျငွေကျပ် ၃၆ သန်းဖြင့်လည်းကောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘတ်ဂျက် လျာထား ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ(Delivery Unit)သို့ပေးပို့လာသည့် ကျေးလက် သောက်သုံး ရေရရှိရေးဆိုင်ရာ အကြံပြုချက် များ အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆက်လက် ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ပြီး ထပ်မံ အကြံပြုလို သည်များရှိပါက ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်က်ာမတီသို့ပေးပို့ အကြောင်း ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ

No comments:

Post a Comment