Friday, February 21, 2014

ကျေးလက်ဒေသ သောက်သုံးရေ ရရှိရေး ကွင်းဆင်းဆောက်ရွက်

ကံမ  ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌  ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံဖြိုးတိုး တက်ရေးဦးစီးဌာန ရန်ပုံငွေ ကျပ်ရှစ်သိန်းဖြင့် အောင်မြန်မာသမအသင်းမှ တင်ဒါရယူ၍ သစ်မယ် ဇလီ ကျေးရွာ နေ ပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် (၁၀၀× ၁၀၀×၃) ပေ ရှိ မြေသား မိုးရေလှောင် ကန် တူး ဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သတ်မှတ်အတိုင်း အတာစံချိန် စံညွှန်းနှင့် အညီ ဆောင်ရွက်နိုင်ရေးအ တွက် သရက်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဝေ၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်ကြီးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။

အလားတူ ကံမမြို့နယ် အတွင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍရေးနှစ်အတွင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း ကျေးလက်ဒေသသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် သစ်မယ်ဇလီကျေးရွာ၊ ဒဂုံကွင်းကျေး ရွာ၊ ပြောင်ကျ ကျေးရွာ၊ ညောင်ကိုင်းကျေးရွာ၊ ထောက်ကြံ့ကွင်း ကျေးရွာ၊ သက္ကယ်မြောင်ကျေးရွာ၊ ပါယ် ကျကျေးရွာတို့တွင်လည်း မြေသားရေလှောင်ကန်များ ကို ဆောင်ရွက်ပေးခဲ့ရာ နွေရာသီတွင် အဆို ပါ ကျေးရွာ များ၌ သောက်သုံး ရေဖူလုံစွာ ရရှိတော့မည်ဖြစ်၍ ကျေးရွာနေပြည်သူများ ဝမ်းသာလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment