Monday, February 24, 2014

အာဆီယံအရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းကော်မတီစည်းဝေး



ရန်ကုန်-ဖေဖော်ဝါရီ(၂၄)
အာဆီယံ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ကော်မတီအစည်းအဝေး (WC-CMD) ကို ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန္ဒာဦးက အမှာစကား ပြောကြားသည်။

 အစည်းအဝေးတွင် အာဆီယံအစိုးရငွေတိုက် စာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု၊ အကဲဖြတ်မှတ်တမ်း ပုံစံတိုးတက်မှု လုပ်ငန်းများ၊ အာဆီယံအရင်းအနှီး ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံအဆောက်အအုံ ဆိုင်ရာဘောင် လုပ်ငန်းများ၏ တိုးတက်မှုအစီရင်ခံစာများ၊ အာဆီယံ လုပ်ငန်း ကော်မတီများအားလုံး၏ Succession Planning အပေါ် ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းများဆိုင်ရာ ကိုးကားချက်များ၊ အာဆီယံဒေသ တွင်းအရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
 ဟောင်ကောင်အခြေစိုက် KPMG အဖွဲ့မှ အာဆီယံ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါင်းစည်းရေးလုပ်ငန်းများ (Assessment of ASEAN Capital Market Development and Integration) အပေါ် စိစစ်အကဲဖြတ်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ တင်ပြချက်ဆွေးနွေးမှုအပေါ် အာဆီယံ နိုင်ငံများ၏ အကြံပြုသဘောထားအမြင်များ ရယူလျက် ဧပြီလတွင်ကျင်းပမည့် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌ များနှင့် ဘဏ္ဍာရေးဝန်ကြီးများထံ တင်ပြအတည်ပြု သဘောတူညီချက် ရယူကြမည် ဖြစ်သည်။
 ဖေဖော်ဝါရီ(၂၅)နှင့်(၂၆)ရက်တို့တွင် အာဆီယံဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးများ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment