Friday, January 31, 2014

ဥရောပသမဂ္ဂ အဖွဲ့များမှ သံတမန်များအဖွဲ့ ရခိုင်ပြည်နယ် ခရီးစဉ်တင်ပြခြင်း



နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဥရောပသမဂ္ဂ သံရုံးမှ သံအမတ်ကြီး H.E.Mr.Roland Kobia နှင့် အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ အဖွဲ့သည် ဇန်န၀ါရီ ၃၀ ရက်နေ့ နံနက် ၈ နာရီတွင် စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် အောင်မင်္ဂလာ ရပ်ကွက်တွင် နေထိုင်သည့် ဘင်္ဂါလီများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး သဲချောင်း ကျေးရွာသို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ယင်းနောက် ရဟတ်ယာဉ်များဖြင့် မောင်တောမြို့သို့ ထွက်ခွာခဲ့ရာ မောင်တောမြို့နယ် ခရေမြိုင် ကျေးရွာသို့ နံနက် ၁၁ နာရီခန့်တွင်ရောက်ရှိပြီး ဒုချီးရားတန်း ကျေးရွာသို့ မော်တော် ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ သည်။

အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဖောက်ခွဲရေးသင်တန်းများ ပြုလုပ်မည့် ဘင်္ဂါလီလူမျိုး (၃)ဦးအား ဘင်္ဂလားဒေ့ရှ်၌ ဖမ်းဆီးရမိ



ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ပတ်သက်၍ မေးမြန်းမှု အပေါ် ဆောင်ရွက်မှု အခြေအနေများ
၁။ ကျောက်ဆည် မြို့နယ်တွင် မြို့တွင်းမီးရထား လမ်းကူးများကို Slide Door တံတားများအဖြစ် တပ်ဆင်ပေးပါရန် မေးမြန်းချက်နှင့် ပတ်သက်၍ မြို့တွင်း ရထား လမ်းကူးများကို Slide Door အဖြစ် တပ်ဆင် ပေးရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ဖြေကြား အပ်ပါသည်။

အကြမ်းဖက် တိုက်ခိုက် မှုများနှင့် ဖောက်ခွဲရေး သင်တန်းများ ပြုလုပ်မည့် ဘင်္ဂါလီ လူမျိုး (၃)ဦးအား ဘင်္ဂလား ဒေ့ရှ်၌ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၃၀
ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်တွင် အထူး စစ်ဆင်ရေးနှင့် ဖောက်ခွဲရေး သင်တန်းများ ပို့ချရန် အတွက် ပါကစ္စတန်နိုင်ငံမှ လေကြောင်း ခရီးဖြင့် လိုက်ပါလာသော ဘင်္ဂါလီ လူမျိုး (၃)ဦးကို ဇန်နဝါရီ ၁၉ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ လုံခြုံရေး အထူး တပ်ဖွဲ့က ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

Thursday, January 30, 2014

ဒုချီးရားတန်း ကျေးရွာ၌ မီးလောင်ခဲ့မှု တမင်ဖန်တီး လုပ်ဆောင် ခဲ့ခြင်းသာ ဖြစ်သည်ဟု မြေပြင်ဖော်ထုတ် တွေ့ရှိချက်များ အရ သိရှိရ



နေပြည်တော် ဇန်နဝါရီ ၃၀
မောင်တောမြို့နယ် ဒုချီးရားတန်း အနောက် ကျေးရွာ၌ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုနှင့် ပတ်သက်၍ ကနဦးရရှိသည့် သတင်းအား ဇန်နဝါရီ ၂၉ ရက် တွင် ရုပ်မြင်သံကြား သတင်းများတွင် ထုတ်လွှင့်ခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်နေ့ နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

ကိုယ့်အိမ်ကို မီးပြန်ရှို့သည့် ဒူချီးရားတန်း အနောက်ကျေးရွာမီးလောင်မှု

မောင်တော၊ ဇန်နဝါရီ ၃၀ 
မောင်တောမြို့ ဒုချီးရားတန်း အနောက်ရွာတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်မှာ အကွက်ချ စီစဉ်ပြီး ကိုယ့်အိမ် ကို မီးပြန်ရှို့သည့် အခြေအနေဖြစ်ကြောင်း ကနဦးစစ်ဆေးချက်များအရ တွေ့ရှိ ရသည်။

Wednesday, January 29, 2014

Facebook တည်ထောင်သည့် (၁ဝ)နှစ်ပြည့် အထူးအစီအစဉ်တစ်ရပ် စတင်ခဲ့သည့် သတင်းဗွီဒီယို

ပုသိမ်မြို့တွင် တောင်သူလယ်သမားများ ဆန္ဒဖော်ထုတ်ပွဲ ဗွီဒီယိုသတင်း

မောင်တောမြို့ ဒုချီးရားတန်း အနောက်ရွာ၌ မီးလောင်မှုဖြစ်စဉ်မှန် ဗွီဒီယိုသတင်း

မောင်တောမြို့ ဒုချီးရားတန်း အနောက်ရွာ၌ မီးလောင်မှုဖြစ်စဉ်မှန်



စစ်တွေ၊ ဇန်နဝါရီ ၂၉
မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာ (ဘင်္ဂါလီ)၌ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်ချုပ်ရေး မှူးများ သွားရောက် ငြိမ်းသတ်ခဲ့ကြသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

နေပြည်တော် ဇန်နဝါရီ၊ ၂၈
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ အစ်ဆန် အူလာဘတ်ဒ်သည် ယနေ့ နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်၌ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ် ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် သံတမန် ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက်ကြသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဩစတြီးယားနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံဆိုင်ရာ ဩစတြီးယားနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ အန်နို ဒရိုဖီနစ်သည် ယနေ့နံနက် (၁၁)နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်၌ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ် ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက် ကြသည်။

Tuesday, January 28, 2014

ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် မြန်မာအစိုးရနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ ပူးတွဲ ထုတ်ပြန်ချက်

2nd Myanmar Development Cooperation Forum တိုးတက်မှု အရှိန်မြှင့်တင်ရေး- အားလုံးပါဝင် ပူးပေါင်းမြှင့်တင်ပေး
၂၇-၂၈ ဇန်န၀ါရီ ၂၀၁၄ နေပြည်တော်
ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် မြန်မာအစိုးရနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ ပူးတွဲ ထုတ်ပြန်ချက်မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုမိတ်ဖက်များသည် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်မှ ၂၈ ရက်ထိ တိုးတက်မှု အရှိန်မြှင့်တင်ရေး- အားလုံးပါဝင် ပူးပေါင်းမြှင့် တင်ပေး ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်ပးပြုလုပ်သည့် ဒုတိယ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်ကြ ပါသည်။

Monday, January 27, 2014

ဘင်းမ်စတက် (BIMSTEC) ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အတွက် အကြိုညှိနှိုင်း အစည်းအဝေး

သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် တရုတ်သမ္မတ ရှီကျင့်ပင်နှင့် ပြင်သစ်သမ္မတ ဖရန်စစ်ဟိုလန်းတို့တွေ့ဆုံ

မင်းဘူးခရိုင်အတွင်းရှိ အသက်သွေးကြောပမာ ဆည်တမံနှင့် မြောင်းမကြီိးများ

မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂)တွင် ကျင်းပသော ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် (2nd Myanmar Development Cooperation Forum – MDCF) တွင် နိုင်ငံတော် သမ္မတ ပြောကြားခဲ့သော အဖွင့်မိန့်ခွန်း


မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ပထမအကြိမ် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို စာမူပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ



ရန်ကုန်-ဇန်နဝါရီ ၂၆
မြန်မာနိုင်ငံ စာရေးဆရာ အသင်း၏ ပထမအကြိမ် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို စာမူပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံ စာရေးဆရာ အသင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဒုတိယ အကြိမ် ပြည်ထောင်စု အစိုးရအဖွဲ့ဖလား ဂေါက်သီး ရိုက်ပြိုင်ပွဲ ကျင်းပပြီးစီး



နေပြည်တော် ဇန်နဝါရီ ၂၆
၂၀၁၄ ခုနှစ် ဒုတိယ အကြိမ် ပြည်ထောင်စု အစိုးရ အဖွဲ့ဖလား ဂေါက်သီး ရိုက်ပြိုင်ပွဲ ဒုတိယနေ့ပွဲ စဉ်များကို ယနေ့ နံနက် ၆ နာရီတွင် မြို့တော် ဂေါက်ကွင်းနှင့် ရေပြာ ဂေါက်ကွင်းတို့၌ ဆက်လက် ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နေပြည်တော် မြို့တော် ဂေါက်ကွင်း၌ ကျင်းပသည့် ပြိုင်ပွဲ များသို့ တက်ရောက် အားပေးသည်။

Saturday, January 25, 2014

စာပေဗိမာန်၏ ရှေ့ခရီး



စာပေဗိမာန်၏နောက်ခံသမိုင်း
စာပေဗိမာန်သည် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကို အခြေခံသည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်တွင် စတင်ဖွဲ့စည်းသည်။ ၁၉၄၈ခုနှစ်မေလတွင် ရန်ကုန်မြို့ ပြည်လမ်း ဆိုရန်တိုဗီလာ အဆောက်အအုံ သို့ ပြောင်းရွှေ့ဖွင့် လှစ်သည်။ မြန်မာနိုင်ငံဘာသာပြန်အသင်းအမည်ဖြင့် စတင်ခဲ့သည်။ ထို့နောက် စာပေဗိမာန်ဟု အမည်တွင် သည်။ ယနေ့တိုင်ဖြစ်သည်။

တောင်ငူမြို့ ဗုံးပေါက်ကွဲမှု သံသယ ရှိသူအား ပေါက်ကွဲအက် ၃ ဖြင့် တရားစွဲဆို

တောင်ငူ ဇန်နဝါရီ ၂၄
၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၁ ရက် ည ၈ နာရီ မိနစ် ၅၀ က တောင်ငူမြို့ ချမ်းမြေ့ တည်းခို ခန်းတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူ စောထွန်းထွန်း(ခ) ထွန်းထွန်း(၃၅)နှစ် (ဘ)ဦးသံချောင်းအား ဇန်နဝါရီ ၂၃ ရက်က တောင်ငူခရိုင် တရားရုံးတွင် ရာကြီး အမှတ် ၅/၂၀၁၄၊ ၁၉၀၈ ခုနှစ် ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃ ဖြင့်တရားစွဲ သွား မည် ဖြစ်ကြောင်း တောင်ငူ မြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး တင်ဝင်း၏ ပြောကြား ချက်အရ သိရသည်။

တောင်ကြီး ရုပ်သံစက်ရုံ၌ Digital ရုပ်/ သံလွှင့် စက်ပစ္စည်းများ တပ်ဆင်နေသည့် ကာလအတွင်း လက်ရှိ 10 KV အစား 500 W ဖြင့် ပြောင်းလဲ ထုတ်လွှင့်ပေးမည်

နေပြည်တော် ဇန်နဝါရီ ၂၄
မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့် နေသော ရုပ်မြင် သံကြား အစီအစဉ်များကို Analogue စနစ်မှ Digital စနစ် (DVB-T2) သို့ ပြောင်းလွှဲ ထုတ်လွှင့်ရန် ဆောင်ရွက် လျက်ရှိရာ ဒုတိယအဆင့် အဖြစ် မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဖလမ်း၊ ကနေဒီ၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ ထားဝယ်၊ မြိတ်၊ ပြည်၊ တောင်ငူ၊ ညောင် လေးပင်၊ ပဲခူး၊ မင်းဘူး၊ ပုပ္ပား၊ မိတ္ထီလာ၊ ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတ၊ မုံရွာတို့တွင် စက်ပစ္စည်း တပ်ဆင်မှုများ စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။

Friday, January 24, 2014

မြန်မာပြည်သူ့ဖိုရမ်မှ အကြံပြုချက်များအပေါ် ဖော်ဆောင်နိုင်ရေး ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် လူမှုရေး အဖွဲ့အစည်းများကပါ ဝိုင်းဝန်းတာဝန်ယူဆောင်ရွက်ရန်လို


နေပြည်တော် ဇန်နဝါရီ ၂၃
မြန်မာပြည်သူ့ ဖိုရမ်မှတင်ပြသည့် အကြံပြုချက်များအား အကောင်အထည် ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယ ဝန်ကြီးများ၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Wednesday, January 22, 2014

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ အာရှ ပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် ဇန်နဝါရီ ၂၂
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက် မှုအဖွဲ့ အာရှ ပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ Ms. Karin Finkelston ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် ကြီးအား လက်ခံ တွေ့ဆုံ



နေပြည်တော် ဇန်နဝါရီ ၂၂
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr.Roland Kobia အား ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်း မ၌ လက်ခံ တွေ့ဆုံသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၏ အထူး အကြံပေး ပုဂ္ဂိုလ်အား လက်ခံတွေ့ဆုံ



နေပြည်တော် ဇန်နဝါရီ ၂၂
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ် Mr.Vijay Nambiar အား ယနေ့ညနေ (၃) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် အဖွဲ့ မောင်တောဒေသသို့ နယ်မြေအခြေအနေ စစ်ဆေးရန်ထွက်ခွာ



စစ်တွေ၊ ဇန်န၀ါရီ ၂၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ပြည်နယ် သစ်တောနှင့် သတ္ထုတွင်း ၀န်ကြီ ဦးကျော်သိန်း၊ ပြည်နယ်စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမောင်စံရွှေနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့

Tuesday, January 21, 2014

ပုသိမ်ကြီးတွင် ကျေးရွာပေါင်း (၁၄၀) မီးလင်းတော့မည်

ဇန်နဝါရီ ၂၁
ပုသိမ်ကြီးမြို့နယ်သည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် မီးလင်းရေးလုပ်ငန်းမျာဆောင်ရွက်လျက်ရှိရာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း မီးလင်းရန်ကျန်ရှိသည့်

သတင်းထုတ်ပြန်ချက်


နေပြည်တော်    ဇန်နဝါရီ     ၂၁
ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) တွင် ကျင်းပသွားမည်ဖြစ်သည်။

မသန်စွမ်း အားကစား မောင်မယ်များ၏ စွမ်းဆောင်မှု စိတ်ခွန်အားကို တိုးစေသည့် အတွေ့အကြုံသစ် ရရှိ

နေပြည်တော် ဇန်နဝါရီ ၂၀
ယနေ့သည် မြန်မာနိုင်ငံက (၇)ကြိမ်မြောက် အာဆီယံ ပါရာဂိမ်း ပြိုင်ပွဲကြီးကို အိမ်ရှင်နိုင်ငံ အဖြစ် ဇန်နဝါရီ ၁၅ ရက်မှ ၂၀ ရက် အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့တစ်နေ့ ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံ အလိုက် နိုင်ငံ့ဂုဏ်ဆောင် ဆုများ ရယူနိုင်ခဲ့သည့် အတွက် များစွာ ဂုဏ်ယူဖွယ်ကောင်းသည့် နေ့တစ်နေ့ လည်း ဖြစ်သည်။

ဘင်္ဂလားဒေရှ့် အတိုက်အခံခေါင်းဆောင် Zia က ရွေးကောက်ပွဲ ထပ်မံကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီး ဆန္ဒပြမှုများ လုပ်ဆောင်ရန် တောင်းဆို

ဒါကာ၊ ဇန်န၀ါရီ ၂၁
ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီမှ အတိုက်အခံခေါင်းဆောင် Khaleda Zia က နိုင်ငံတွင် ရွေးကောက်ပွဲ ထပ်မံ ကျင်းပနိုင်ရေးကို တွန်းအားပေးသည့်အနေဖြင့် ဆန္ဒပြမှုများကို ထပ်မံလုပ်ဆောင်သွားကြရန် ယမန်နေ့က တိုက်တွန်း ပြောဆိုလိုက်သည်။ ၎င်းနေအိမ်အကျယ်ချုပ် ကျခံရမှုမှ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ် မြို့တော်ရှိ Suhrawardy Udyan ပန်ခြံတွင် ပြုလုပ်သည့် လူထုအစည်းအဝေးတစ်ခုတွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

Monday, January 20, 2014

စီးပွားရေးအဆောက်အအုံအား ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် နှစ်များစွာ ကြာမြင့်မည်ဖြစ်ကြောင်း စင်ကာပူ ဒုတိယ၀န်ကြီးချုပ် ပြောဆို



စင်ကာပူ ဇန်န၀ါရီ ၂၀
စင်ကာပူနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးမြှင့်ဖန်တီးပေးနိုင်ရေးနှင့် လုပ်ခလစာများ တိုးမြှင့်ပေးနိုင်ရေးနှင့် သင့်လျော်ကောင်းမွန်မျှတ သည့် လူမှုအသိုင်းအ၀ိုင်းတစ်ခု တည်ဆောက်ရေးတို့ကို လုပ်ဆောင်ရာတွင် အချိန် ၂ နှစ် ၃ နှစ်အတွင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာမဟုတ်ကြောင်း၊ နှစ်များစွာကြာ အချိန်ယူ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်းနှင့် အဆိုပါ ဦးတည်ချက်များသည် နိုင်ငံအတွက် အလွန်ပင် အရေးကြီးပါကြောင်း စင်ကာပူနိုင်ငံ ဒုတိယ၀န်ကြီးချုပ် Tharman Shanmugaratnam က ဇန်န၀ါရီ ၁၉ ရက်နေ့က ပြောဆိုလိုက်သည်။

ရှေးဟောင်းကျောင်းကြီး နှင့် ရှေးဟောင်းစေတီများပြုပြင်ရန် အလှူငွေ ကျပ် ၄၀၀ သိန်း ပေးအပ်

မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ် နေပူကုန်းကျေးရွာအုပ်စု၊ နေပူကုန်းစံပြကျေးရွာဦး လေးထပ် ဘုန်းတော်ကြီးကျောင်း ရှိ ရှေးဟောင်း ကျောင်းကြီး၊ ရှေးဟောင်း စေတီများ၊ ဆွမ်းစားကျောင်းနှင့် ဓမ္မရိပ်သာကျောင်းများ ပြုပြင်မွမ်းမံ တည်ဆောက် သွားရေး အတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ဇန်န၀ါရီ ၁၉ နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

Sunday, January 19, 2014

အဋ္ဌမ အကြိမ်မြောက် ထွန်းဖောင်ဒေးရှင်း ၂၀၁၃ စာပေဆု ချီးမြှင့်ပွဲကျင်းပ



ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် စည်ပင်လမ်းသစ်ရှိ မြန်မာနိုင်ငံ ဘဏ်များ အသင်း အဆောက်အအုံ ဇမ္ဗူရစ်ရွှေစင်ခန်းမ၌ အဋ္ဌမအကြိမ် ထွန်းဖောင်ဒေးရှင်း (၂၀၁၃) စာပေဆု ချီးမြှင့်ပွဲ ကျင်းပသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစားနည်းများ ယှဉ်ပြိုင်နေမှုများ ကြည့်ရှု အားပေး



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက် (၁၁)နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးသောင်းထိုက်၊ ဗိုလ်မှူးချုပ် ကျော်ဇံမြင့်တို့နှင့်အတူ နေပြည်တော်၌ ကျင်းပလျက် ရှိသည့် (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ၏ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစားနည်းများ ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှု အားပေးသည်။

Saturday, January 18, 2014

မြန်မာ လက်သင်္ကေတပြ ဘာသာစကား နှုတ်ဆက်ခြင်း



နေပြည်တော် ဇန်နဝါရီ ၁၈
မြန်မာ လက်သင်္ကေတပြ ဘာသာစကား
နှုတ်ဆက်ခြင်း

မြန်မာ လက်သင်္ကေတပြ ဘာသာစကား နံပါတ်များ Numbers (အပိုင်း ၂)


နေပြည်တော် ဇန်နဝါရီ ၁၈
မြန်မာ လက်သင်္ကေတပြ ဘာသာစကား
နံပါတ်များ Numbers (အပိုင်း ၂)

အေပီနှင့် ဧရာဝတီ သတင်းဌာနတို့က ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းမှားများ ထုတ်လွှင့် ဖော်ပြ



နေပြည်တော် ဇန်နဝါရီ ၁၇
ဇန်နဝါရီ ၁၃ ရက်တွင် ရခိုင်ပြည်နယ် မောင်တော မြို့နယ်၌ ရဲတပ်ကြပ်ကြီး တစ်ဦးပျောက်ဆုံးမှု သတင်းနှင့် ပတ်သက်၍ သတင်းဆက် အဖြစ်

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ယှဉ်ပြိုင် နေမှုများ ကြည့်ရှုအားပေး



နေပြည်တော်- ဇန်နဝါရီ ၁၇
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့နံနက် (၁၀)နာရီခွဲတွင် နေပြည်တော်၌ ကျင်းပလျက်ရှိသည့် (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲများကို

ကမ်းလွန် လုပ်ကွက် AD 6 တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စတင် တူးဖော်မည့် ရှာဖွေရေး တွင်းအမှတ် အောင်ဇမ္ဗူ (၁) ၊ COSL- Gift (Jack up) တွင်းတူးစင် စတင် တူးဖော်ခြင်း အခမ်းအနား



နေပြည်တော်၊ ဇန်နဝါရီ ၁၇
ဇန်နဝါရီလ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် COSL - Gift (Jack up) တွင်းတူးစင်၌ ကျင်းပပြုလုပ်

ဘန်ကောက်ဆန္ဒပြမှုအတွင်း ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံး



ဘန်ကောက်၊ ဇန်န၀ါရီ ၁၈
ယမန်နေ့နေ့ခင်းပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင် ဆန္ဒပြမှုအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ ဒီကနေ့ နံနက် အစောပိုင်းတွင် သေဆုံးခဲ့ပြီး၊ ကျန် ၁၁ ဦးမှာ ဆေးရုံတွင် ကုသနေရဆဲဖြစ်ကြောင်း သိရသည်။ ၀န်ကြီးချုပ် ယင်လတ်အား ရာထူးမှ ဆင်းပေးရန် တောင်းဆို ပြုလုပ်ခဲ့ကြသည့် ရက်သတ္တအနည်းငယ်ကြာ ဆန္ဒပြမှုအတွင်း သေဆုံးသူ ကိုးဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အေအက်ဖ်ပီ

အရည်အသွေးပြည့်မီသော မြန်မာ့မတ်ပဲကြောင့် နိုင်ငံခြားငွေ ရရှိ



မန္တလေး၊ ဇန်န၀ါရီ ၁၇
မတ်ပဲကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် Fair Average Quality (FAQ), First Quality (FQ), Special Quality (SQ), ဟုအမျိုးအစားခွဲ တင်ပို့ရောင်းချရသည်။ မြန်မာနိုင်ငံတွင် မတ်ပဲသီးနှံသည် ပြည်ပပို့ကုန်သီးနှံဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့၊အနောက်) နှင့် နေပြည်တော်တို့တွင် ကျယ်ကျယ်ပြန့်ပြန် စိုက်ပျိုးကြသည်။ ထိုပြင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည့် တိုင်းများတွင်လည်း စိုက်ပျိုးထုတ်လုပ်မှုများရှိပြီး ပြည်တွင်းအနေဖြင့် အဆိုပါပဲကို အသုံးနည်းပါးပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရာတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆၅၇၇၁၂ မက်ထရစ်တန် တင်ပို့ ရောင်းချနိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်းပေါင်း ၃၈၂.၃၉၇ ရရှိကာ ကနေဒါနိုင်ငံသည်လည်း မြန်မာနိုင်ငံကဲ့သို့ တင်ပို့ရောင်းချမှုများရှိကြောင်း သိရသည်။