Friday, January 31, 2014

ဥရောပသမဂ္ဂ အဖွဲ့များမှ သံတမန်များအဖွဲ့ ရခိုင်ပြည်နယ် ခရီးစဉ်တင်ပြခြင်း



နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဥရောပသမဂ္ဂ သံရုံးမှ သံအမတ်ကြီး H.E.Mr.Roland Kobia နှင့် အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ အဖွဲ့သည် ဇန်န၀ါရီ ၃၀ ရက်နေ့ နံနက် ၈ နာရီတွင် စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် အောင်မင်္ဂလာ ရပ်ကွက်တွင် နေထိုင်သည့် ဘင်္ဂါလီများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး သဲချောင်း ကျေးရွာသို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ယင်းနောက် ရဟတ်ယာဉ်များဖြင့် မောင်တောမြို့သို့ ထွက်ခွာခဲ့ရာ မောင်တောမြို့နယ် ခရေမြိုင် ကျေးရွာသို့ နံနက် ၁၁ နာရီခန့်တွင်ရောက်ရှိပြီး ဒုချီးရားတန်း ကျေးရွာသို့ မော်တော် ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ သည်။

ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားမှု ဖြစ်စဉ်များအား ရဲမှူးချုပ် တင်ကိုကိုမှ ရုပ်ပုံ မှတ်တမ်းများဖြင့် ရှင်းလင်း တင်ပြသည်။ ထို့နောက် ကျေးရွာ မူလတန်းကျောင်း ခန်းမတွင် ကျေးရွာသူ/ ကျေးရွာသားများနှင့် တွေ့ဆုံပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ပါသည်။ ယင်းနောက် ကျေးရွာအတွင်းသို့ လှည့်လည် ကြည့်ရှုပြီး မောင်တောမြို့သို့ ပြန်လည် ထွက်ခွာခဲ့သည်။ မောင်တောမြို့ ခရိုင် အုပ်ချုပ်ရေးမှူး ခန်းမတွင် ရဲမှူးချုပ် တင်ကိုကိုမှ Power Point ဖြင့် ထပ်မံ ရှင်းလင်းခဲ့ပြီး ရခိုင် တိုင်းရင်းသားများ၊ ဘင်္ဂါလီ လူမျိုးများနှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့သည်။
ယင်းနောက် မြောက်ဦးမြို့သို့ ဆက်လက် ထွက်ခွာရာ မွန်းလွဲ ၂ နာရီခန့်တွင် ရောက်ရှိပြီး မြောက်ဦးမြို့ရှိ ထုက္ကန် သိမ်ပုထိုးနှင့် သျှစ်သောင်း ဘုရားတို့အား ဖူးမျှော်ကြပြီး မြောက်ဦး ဟိုတယ်တွင် မြို့မိမြို့ဖများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြောက်ဦးမြို့တွင် ညအိပ် ရပ်နားခဲ့သည်။
ဇန်န၀ါရီ ၃၁ ရက် နံနက် ၉ နာရီခန့်တွင် မြေပုံမြို့သို့ ဆက်လက် ထွက်ခွာ သွားကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် ပြန်/ဆက်

No comments:

Post a Comment