Saturday, January 25, 2014

တောင်ငူမြို့ ဗုံးပေါက်ကွဲမှု သံသယ ရှိသူအား ပေါက်ကွဲအက် ၃ ဖြင့် တရားစွဲဆို

တောင်ငူ ဇန်နဝါရီ ၂၄
၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၁ ရက် ည ၈ နာရီ မိနစ် ၅၀ က တောင်ငူမြို့ ချမ်းမြေ့ တည်းခို ခန်းတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူ စောထွန်းထွန်း(ခ) ထွန်းထွန်း(၃၅)နှစ် (ဘ)ဦးသံချောင်းအား ဇန်နဝါရီ ၂၃ ရက်က တောင်ငူခရိုင် တရားရုံးတွင် ရာကြီး အမှတ် ၅/၂၀၁၄၊ ၁၉၀၈ ခုနှစ် ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃ ဖြင့်တရားစွဲ သွား မည် ဖြစ်ကြောင်း တောင်ငူ မြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး တင်ဝင်း၏ ပြောကြား ချက်အရ သိရသည်။

စောထွန်းထွန်းကို တောင်ငူခရိုင် တရားရုံး ဒုတိယခရိုင် တရားသူကြီး (၂)ရုံးတွင် ရာကြီးအမှတ် ၈၅/၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်က စတင်ရုံးတင် စစ်ဆေး တရား စွဲဆို ခဲ့ပြီးနောက် ပေါက်ကွဲအက် ၃ ပုဒ်မအတွက် မြို့နယ်/ခရိုင်/တိုင်း ဒေသကြီး အဆင့်ဆင့် ခွင့်ပြုချက် ရယူ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံး၏ ခွင့်ပြုချက်ဖြင့် ဇန်နဝါရီ ၂၃ ရက်တွင် ထပ်မံ တရား စွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အတူ စောတဝါး (၃၅)နှစ် တပ်ကုန်း ရွာဟောင်း ကျောက်ကြီး မြို့ကိုလည်း ရာသေအမှတ် ၂/၂၀၁၄၊ ၃/ကျင့် ၅၁၂ အရ တရားခံ ပြေးအဖြစ် ထပ်မံ စွဲဆို ထားကြောင်း သိရသည်။

No comments:

Post a Comment