Tuesday, January 28, 2014

ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် မြန်မာအစိုးရနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ ပူးတွဲ ထုတ်ပြန်ချက်

2nd Myanmar Development Cooperation Forum တိုးတက်မှု အရှိန်မြှင့်တင်ရေး- အားလုံးပါဝင် ပူးပေါင်းမြှင့်တင်ပေး
၂၇-၂၈ ဇန်န၀ါရီ ၂၀၁၄ နေပြည်တော်
ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် မြန်မာအစိုးရနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ ပူးတွဲ ထုတ်ပြန်ချက်မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုမိတ်ဖက်များသည် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်မှ ၂၈ ရက်ထိ တိုးတက်မှု အရှိန်မြှင့်တင်ရေး- အားလုံးပါဝင် ပူးပေါင်းမြှင့် တင်ပေး ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်ပးပြုလုပ်သည့် ဒုတိယ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်ကြ ပါသည်။

ဖိုရမ်သို့ မြန်မာနိုင်ငံအစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတကာ ဖွံ့ဖြိုးမှု မိတ်ဖက်၊ အရပ်ဖက် လူမှု အဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍတို့မှ ကိုယ်စားလှယ် များနှင့် ပညာရှင်များ တက်ရောက်ကြပါသည်။
မြန်မာအစိုးရနှင့် ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်များသည် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို အရေးပါသည့် မူဝါဒဆိုင် ရာများကို လေးလေးနက်နက် ဆွေးနွေးနိုင်သည့် နေရာတစ်ခုအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် အောင်မြင်မှု၊ စိန်ခေါ်မှုနှင့် အခွင့် အလမ်းများ ကို ဆွေးနွေးနိုင်သည့် အပြုသဘောဆောင်သော ယန္တရား တစ်ရပ်အဖြစ် လည်းကောင်း သိရှိ ကြိုဆိုကြပါသည်။
ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် မြန်မာနိုင်ငံ အစိုးရနှင့် ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်များသည် အနာဂတ်အောင်မြင်မှု အတွက် မဟာဗျူဟာများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် အကူ အညီများ ထိရောက်မှုရှိရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေး ကြပါသည်။ ဆွေးနွေးမှု အားလုံးတွင် မြန်မာနိုင်ငံသည် အားလုံးပါဝင်နိုင်၍ ငြိမ်းချမ်း ပြီး တောင့်တင်း ခိုင်မာစွာဖြင့် ကြွယ်ဝ ချမ်းသာ သည့် နိုင်ငံ ဖြစ်လာရေး အတွက်၊ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုကို ပိုမိုကူညီ ပံ့ပိုးပေးနိုင်မည့် နောက်ထပ်လုပ်ငန်းများ၊ ရရှိသည့် သင်ခန်းစာ များကို ပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ဖော်ထုတ်သတ်မှတ်ရန် အဓိကအာရုံစိုက်၍ ဆွေးနွေးကြပါသည်။ မြန်မာနိုင်ငံအနေနှင့် အဆိုပါလမ်းကြောင်းသို့ ဦးတည်သွားရာတွင် ကူညီပံ့ပိုးကြရန် ဖိုရမ် တက်ရောက် သူများ အားလုံးတွင် တူညီသည့် သဘောထားအမြင်နှင့် တူညီသည့် ဆန္ဒ ပြင်းပြစွာ ရှိကြသည်ကို ကောင်းစွာ သိရှိပါ သည်။
မြန်မာနိုင်ငံ အစိုးရနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များသည် ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် ကျင်းပပြီးနောက် သိသာ ထင်ရှားသည့် အောင်မြင်တိုးတက်မှုများ ရရှိခဲ့သည်ကို ကောင်းစွာ အသိအမှတ်ပြု သကဲ့သို့ ဆက်လက် အောင်မြင်မှုများ ရရှိရန်အတွက် အားလုံး၏ ထပ်လောင်း ကတိက၀တ်များ ရရှိရန် လိုအပ်သည်ကိုလည်း သိရှိကြ ပါသည်။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကို ပုံဖော် ရာတွင် အားနည်း ထိခိုက်လွယ်ဆုံး လူများအပါအ၀င် နိုင်ငံသား အားလုံးပါဝင်နိုင်ပြီး အကျိုးကျေး ဇူးများ ခံစားနိုင် လျှင် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အကူ အညီများ သည် အထိရောက်ဆုံး ဖြစ်မည် ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် အောက်ပါတို့ကို ကတိက၀တ်ပြုပါသည်-
(၁) နေပြည်တော် သဘောတူညီချက် ဆက်လက် အကောင် အထည် ဖော်ရေး အတွက် လုပ်ငန်း အစီအစဉ်ကို အပြီးသတ် ရေးဆွဲ မည် ဖြစ်ပါသည်။
(၂) မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု မူဘောင်နှင့် အမျိုးသား ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းတို့ကို ဆက်လက်ကူညီ ပံ့ပိုးမည် ဖြစ်ပါသည်။
(၃) စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်သည့် လုပ်ငန်း စဉ်တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး ကြိုးပမ်းမှုများကို ဦးဆောင်ရေးနှင့် အစိုးရနှင့် ပုဂ္ဂလိက တို့ ပါဝင် လုပ်ဆောင်ရေးအတွက် အစိုးရ၏ စွမ်းဆောင် ရည် ပိုမိုခိုင်မာစေရန် ဆောင်ရွက်မည် ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ဤကတိက၀တ်များနှင့် ဖိုရမ်တွင် ရရှိသည့် အခြား သင်ခန်းစာ များအား အကောင်အထည်ဖော် ဆောင်ရွက်မှုကို တည်ကြည် ဖြောင့်မတ်စွာဖြင့် စောင့်ကြပ် ကြည့်ရှုသွားမည် ဖြစ်ပြီး၊ တိုးတက်မှု ကို ၂၀၁၄ ခုနှစ်အ တွင်း ပြုလုပ် မည့် နှစ်လယ်သုံးသပ်မှု အစည်း အဝေး တွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် တတိယ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရေး ဖိုရမ်တွင် လည်းကောင်း အစီရင်ခံ တင်ပြသွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု ယခုကဲ့သို့ အဆင့်အသစ်တစ်ရပ်သို့ ရောက်ရှိလာ ချိန်တွင် အတူ တကွ လက်တွဲလုပ်ဆောင်လိုသည့် ကျွန်ုပ်တို့၏ ဆန္ဒကို ဤပူးတွဲ ထုတ်ပြန်ချက်ဖြင့် ထပ်လောင်း အတည်ပြုပါသည်။

No comments:

Post a Comment