Wednesday, January 22, 2014

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၏ အထူး အကြံပေး ပုဂ္ဂိုလ်အား လက်ခံတွေ့ဆုံ



နေပြည်တော် ဇန်နဝါရီ ၂၂
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ် Mr.Vijay Nambiar အား ယနေ့ညနေ (၃) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။


အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ကျော်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်အေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း တို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment