Friday, January 31, 2014

အကြမ်းဖက် တိုက်ခိုက် မှုများနှင့် ဖောက်ခွဲရေး သင်တန်းများ ပြုလုပ်မည့် ဘင်္ဂါလီ လူမျိုး (၃)ဦးအား ဘင်္ဂလား ဒေ့ရှ်၌ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၃၀
ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်တွင် အထူး စစ်ဆင်ရေးနှင့် ဖောက်ခွဲရေး သင်တန်းများ ပို့ချရန် အတွက် ပါကစ္စတန်နိုင်ငံမှ လေကြောင်း ခရီးဖြင့် လိုက်ပါလာသော ဘင်္ဂါလီ လူမျိုး (၃)ဦးကို ဇန်နဝါရီ ၁၉ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ လုံခြုံရေး အထူး တပ်ဖွဲ့က ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

 

ဖမ်းဆီး ရမိသော (၃)ဦးမှာ အူဆမာန်၊ အူးမောဖာရူးနှင့် ဇော်မင်းတို့ ဖြစ်ပြီး အာဖဂန် နစ္စတန် အခြေစိုက် အယ်လ်ကိုင်ဒါ တပ်ဖွဲ့တွင် အထူး တိုက်ခိုက်ရေးနှင့် ဖောက်ခွဲရေး သင်တန်းများ တက်ရောက်ပြီး (၃)နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့သူများ ဖြစ်ကြောင်း သိရသည်။
စစ်ကြောချက်များ အရ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် မေယု ခရိုင်အား TALAIBAN IN ARKAN နိုင်ငံ တည်ဆောက်ရန် အတွက် မြန်မာ နိုင်ငံအတွင်း တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်ကာ အကြမ်းဖက် တိုက်ခိုက် မှုများ ပြုလုပ်ရန်နှင့် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ မြို့များတွင် ဗုံးပြုလုပ်နည်း၊ လက်နက်ငယ် ပြုလုပ်နည်းများကို လေ့ကျင့်သင်ကြားရန် ဖြစ်ကြောင်း၊ ခေါင်းဆောင် ဖြစ်သူ အူဆမာန်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အခြေစိုက် RSO သောင်းကျန်းသူ အဖွဲ့မှ ဘဏ္ဍာရေးမှူး ဘန်ဒန် အီဒရီး၏ ညီဖြစ်ပြီး ဇာတိမှာ မောင်တော မြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာ အုပ်စု ဘက္ကာ ဂုံးနား ကျေးရွာမှ ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment