Saturday, January 18, 2014

အရည်အသွေးပြည့်မီသော မြန်မာ့မတ်ပဲကြောင့် နိုင်ငံခြားငွေ ရရှိ



မန္တလေး၊ ဇန်န၀ါရီ ၁၇
မတ်ပဲကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် Fair Average Quality (FAQ), First Quality (FQ), Special Quality (SQ), ဟုအမျိုးအစားခွဲ တင်ပို့ရောင်းချရသည်။ မြန်မာနိုင်ငံတွင် မတ်ပဲသီးနှံသည် ပြည်ပပို့ကုန်သီးနှံဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့၊အနောက်) နှင့် နေပြည်တော်တို့တွင် ကျယ်ကျယ်ပြန့်ပြန် စိုက်ပျိုးကြသည်။ ထိုပြင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည့် တိုင်းများတွင်လည်း စိုက်ပျိုးထုတ်လုပ်မှုများရှိပြီး ပြည်တွင်းအနေဖြင့် အဆိုပါပဲကို အသုံးနည်းပါးပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရာတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆၅၇၇၁၂ မက်ထရစ်တန် တင်ပို့ ရောင်းချနိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်းပေါင်း ၃၈၂.၃၉၇ ရရှိကာ ကနေဒါနိုင်ငံသည်လည်း မြန်မာနိုင်ငံကဲ့သို့ တင်ပို့ရောင်းချမှုများရှိကြောင်း သိရသည်။

No comments:

Post a Comment