Saturday, January 25, 2014

တောင်ကြီး ရုပ်သံစက်ရုံ၌ Digital ရုပ်/ သံလွှင့် စက်ပစ္စည်းများ တပ်ဆင်နေသည့် ကာလအတွင်း လက်ရှိ 10 KV အစား 500 W ဖြင့် ပြောင်းလဲ ထုတ်လွှင့်ပေးမည်

နေပြည်တော် ဇန်နဝါရီ ၂၄
မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့် နေသော ရုပ်မြင် သံကြား အစီအစဉ်များကို Analogue စနစ်မှ Digital စနစ် (DVB-T2) သို့ ပြောင်းလွှဲ ထုတ်လွှင့်ရန် ဆောင်ရွက် လျက်ရှိရာ ဒုတိယအဆင့် အဖြစ် မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဖလမ်း၊ ကနေဒီ၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ ထားဝယ်၊ မြိတ်၊ ပြည်၊ တောင်ငူ၊ ညောင် လေးပင်၊ ပဲခူး၊ မင်းဘူး၊ ပုပ္ပား၊ မိတ္ထီလာ၊ ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတ၊ မုံရွာတို့တွင် စက်ပစ္စည်း တပ်ဆင်မှုများ စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။

တောင်ကြီး ရုပ်မြင် သံကြား ထပ်ဆင့်လွှင့် စက်ရုံတွင် ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ Digital Antenna တပ်ဆင်မှုများ ဆောင်ရွက်မည် ဖြစ်သဖြင့် လက်ရှိ ထုတ်လွှင့် နေသော MRTV အစီအစဉ် Analogue 10 KW ထုတ်လွှင့်မှုကို ခေတ္တရပ်နား၍ Analogue 500 W ရှိသော လွှင့်စက်ဖြင့် ယာယီ ထုတ်လွှင့် ပေးသွားမည် ဖြစ်သည်။ ယင်းသို့ 500 W ဖြင့် ထုတ်လွှင့်မှုကို တောင်ကြီး ရုပ်သံစက်ရုံမှ ၁၅ မိုင် အတွင်း ရှိသော ညောင်ရွှေ၊ ရပ်စောက်၊ ဟိုပုန်းနှင့် ရွှေညောင်မြို့တို့သာ ဖမ်းယူ ရရှိနိုင်မည် ဖြစ်ပြီး 10 KW ဖြင့် ထုတ်လွှင့် စဉ်က ရရှိ နေသော ၁၅ မိုင်ကျော် နေရာများမှ ဖမ်းယူ ရရှိနိုင်မည် မဟုတ်ကြောင်းနှင့် 10 KW ဖြင့် ပြန်လည် ထုတ်လွှင့်မည့် ရက်ကို ဆက်လက် ကြေညာ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment