Monday, January 20, 2014

စီးပွားရေးအဆောက်အအုံအား ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် နှစ်များစွာ ကြာမြင့်မည်ဖြစ်ကြောင်း စင်ကာပူ ဒုတိယ၀န်ကြီးချုပ် ပြောဆို



စင်ကာပူ ဇန်န၀ါရီ ၂၀
စင်ကာပူနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးမြှင့်ဖန်တီးပေးနိုင်ရေးနှင့် လုပ်ခလစာများ တိုးမြှင့်ပေးနိုင်ရေးနှင့် သင့်လျော်ကောင်းမွန်မျှတ သည့် လူမှုအသိုင်းအ၀ိုင်းတစ်ခု တည်ဆောက်ရေးတို့ကို လုပ်ဆောင်ရာတွင် အချိန် ၂ နှစ် ၃ နှစ်အတွင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာမဟုတ်ကြောင်း၊ နှစ်များစွာကြာ အချိန်ယူ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်းနှင့် အဆိုပါ ဦးတည်ချက်များသည် နိုင်ငံအတွက် အလွန်ပင် အရေးကြီးပါကြောင်း စင်ကာပူနိုင်ငံ ဒုတိယ၀န်ကြီးချုပ် Tharman Shanmugaratnam က ဇန်န၀ါရီ ၁၉ ရက်နေ့က ပြောဆိုလိုက်သည်။

ဒုတိယ၀န်ကြီးချုပ်သည် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သူတစ်ဦးလည်း ဖြစ်သည်။ ၎င်းက ကျန်းမာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဦးစားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနဲ့ အဆိုပါ ကိစ္စရပ်သည် စင်ကာပူနိုင်ငံ မျိုးဆက်သစ်များအတွက် အလွန်ပင် အရေးကြီးပါကြောင်း၊ အလားတူ စီးပွားရေး ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းရာတွင် အသေးစားနှင့်အလတ်စား လုပ်ငန်းများကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားရန် လိုကြောင်းဒုတိယ၀န်ကြီးချုပ်က ဆက်လက် ပြောဆိုခဲ့သည်။  
ဝန်ကြီးချုပ် Lee Hsien Loong က မျိုးဆက်သစ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ်ကို ၂၀၁၄ ခုနှစ် ဘဏ္ဍာနှစ်တွင် ထုတ်ဖော်ကြေငြာပေးမည်ဖြစ်ကြောင်း အစောပိုင်းက ပြောကြားထားပြီးဖြစ်သည်။
ဒုတိယ၀န်ကြီးချုပ်အနေဖြင့် ၂၀၁၄ ခုနှစ်အတွက် ခန့်မှန်းခြေ ၀င်ငွေသုံးငွေစာရင်းကို လာမည့်လတွင် ထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်သည်ဟု သိရသည်။
Channelnewsasia.com

No comments:

Post a Comment