Wednesday, January 22, 2014

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ အာရှ ပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် ဇန်နဝါရီ ၂၂
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက် မှုအဖွဲ့ အာရှ ပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ Ms. Karin Finkelston ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံရာတွင် ဒုတိယ သမ္မတနှင့် အတူ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဒေါ်လဲ့လဲ့သိန်း၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်နှင့် တာဝန် ရှိသူများ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ အစိုးရနှင့် အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့တို့အကြား ဘဏ်လုပ် ငန်းနှင့် ငွေကြေးဆိုင်ရာ အခြေခံ အဆောက် အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက် မှုများနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။

No comments:

Post a Comment