Tuesday, January 21, 2014

ဘင်္ဂလားဒေရှ့် အတိုက်အခံခေါင်းဆောင် Zia က ရွေးကောက်ပွဲ ထပ်မံကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီး ဆန္ဒပြမှုများ လုပ်ဆောင်ရန် တောင်းဆို

ဒါကာ၊ ဇန်န၀ါရီ ၂၁
ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီမှ အတိုက်အခံခေါင်းဆောင် Khaleda Zia က နိုင်ငံတွင် ရွေးကောက်ပွဲ ထပ်မံ ကျင်းပနိုင်ရေးကို တွန်းအားပေးသည့်အနေဖြင့် ဆန္ဒပြမှုများကို ထပ်မံလုပ်ဆောင်သွားကြရန် ယမန်နေ့က တိုက်တွန်း ပြောဆိုလိုက်သည်။ ၎င်းနေအိမ်အကျယ်ချုပ် ကျခံရမှုမှ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ် မြို့တော်ရှိ Suhrawardy Udyan ပန်ခြံတွင် ပြုလုပ်သည့် လူထုအစည်းအဝေးတစ်ခုတွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

ဝန်ကြီးချုပ်သက်တမ်း ၂ ကြိမ် ထမ်းဆောင်ခဲ့ဘူးသော၊ လက်ရှိဝန်ကြီးချုပ် Sheikh Hasina ၏ အဓိက ရန်ဘက်ဖြစ်သော Zia က ယခု အစိုးရသစ်သည် ရွေးကောက်ပွဲတွင် သွေးထွက်သံယိုမှုများစွာ ဖြစ်အောင် လုပ်ဆောင်ခဲ့သည့် တရားမ၀င်သော အစိုးဖြစ်ကြောင်း အမည်ဆိုးတပ် ပြောဆိုခဲ့သည်။
အလားတူ ၎င်းအား ထောက်ခံသူများအနေဖြင့် Hasina အစိုးရမှ နောက်ထပ် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် တွန်းအားပေးရန် ဆန္ဒပြမှုများကို ထပ်မံပြုလုပ်သွားစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့ ခြင်း ဖြစ်သည်။
ယခုအစိုးရသည် ပြည်သူလူထု၏ မဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ထားခြင်း မဟုတ်ဘဲ လက်နက်အင်အားဖြင့် ခြိမ်းခြောက်ကာ အာဏာ ရယူထားခြင်း ဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။
Zia သည် ရွေးကောက်ပွဲများ မကျင်းပမီ ၂ ပတ်ခန့်မှစ၍ နေအိမ်အကျယ်ချုပ် ကျခံခဲ့ခြင်း ဖြစ်ပြီး ဇန်န၀ါရီ ၁၁ ရက်နေ့က ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲကျင်းပနေစဉ်အတွင်း အတိုက်အခံ အထောက်အပံ့များက မဲရုံများကို မီးရှို့ခြင်းနှင့် ဖျက်စီးခြင်းများ ပြုလုပ်ခဲ့သည့်အတွက် အနည်းဆုံး ပြည်သူ ၂၆ ဦး သေဆုံးခဲ့ပြီး၊ ဘင်္ဂလားဒေရှ့်နိုင်ငံသမိုင်းတွင် သွေးထွက် သံယိုမှုအများဆုံးသော မဲပေးမှုတစ်ခု ဖြစ်ခဲ့ရသည်။
ရွေးကောက်ပွဲများ မကျင်းပမီ ရက်သတ္တများကလည်း အတိုက်အခံများသည် လမ်းများတွင် ပိတ်ဆို့ကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်မှုများကြောင့် ပြည်သူ ၂၀၀ ဦးခန့် သေဆုံးခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်က ဇန်န၀ါရီလ ၅ ရက်နေ့တွင် ပြုလုပ်သော ရွေးကောက်ပွဲတွင် မဲပေးမှုနှုန်းမှာ ၄၀ ရာခိုင်နှုန်း ရှိသည်ဟု ပြောကြားခဲ့သော်လည်း ပြည်ပနှင့် ဒေသတွင်း မီဒီယာများက ၂၀ ရာခိုင်နှုန်းကျော်သာ ရှိသည်ဟု ပြောဆိုခဲ့ကြသည်။

No comments:

Post a Comment