Saturday, January 18, 2014

ကမ်းလွန် လုပ်ကွက် AD 6 တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စတင် တူးဖော်မည့် ရှာဖွေရေး တွင်းအမှတ် အောင်ဇမ္ဗူ (၁) ၊ COSL- Gift (Jack up) တွင်းတူးစင် စတင် တူးဖော်ခြင်း အခမ်းအနား



နေပြည်တော်၊ ဇန်နဝါရီ ၁၇
ဇန်နဝါရီလ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် COSL - Gift (Jack up) တွင်းတူးစင်၌ ကျင်းပပြုလုပ်
 

 ရာ စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင်နှင့် ဒုတိယ ဝန်ကြီး ဦးအောင်ထူး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ CAL ကုမ္ပဏီမှ ဥက္ကဌ၊ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ တွင်းတူးစင်ရှိ အစည်းအဝေး ခန်းမ၌ CAL ကုမ္ပဏီမှ တာဝန်ရှိ သူများက တူးဖော်ရေး ဆောင်ရွက်မည့် အခြေ အနေများအား ရှင်းလင်း တင်ပြကြပြီး၊ မင်္ဂလာအချိန် (၁၀း၅၃) နာရီတွင် တွင်းတူးစင် ထိန်းချုပ်ရေး စက်ခန်း အတွင်းမှ ခလုတ်နှိပ်၍ တွင်းတူး ဖော်ခြင်းအား စတင် ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က တွင်းတူးစင်ရှိ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ဝန်ထမ်းများနှင့် ပြည်ပ ဝန်ထမ်းများထံသို့ သစ်သီးခြင်း လက်ဆောင်များ ပေးအပ်၍ အားပေး စကား ပြောကြားခဲ့ကြသည်။
CAL ကုမ္ပဏီသည် AD 6 လုပ်ကွက်အား ၂၀၀၇ ခုနှစ်မှ စတင်၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ထုတ်လုပ်မှု အပေါ် ခွဲဝေခံစားမှု စာချုပ်ချုပ်ဆို၍ ဆိုက်စမစ် တိုင်းတာရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပြီး၊ သဘာဝ ဓာတ်ငွေ့သိုက် အလားအလာ ကောင်းမွန်သဖြင့် စမ်းသပ်ရေးတွင်း စတင်တူးဖော် ခြင်းဖြစ်ကာ အနက်ပေ (၁၁၀၇၆) ထိ တူးဖော်ရန် ရည်မှန်းထားကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment