Friday, January 31, 2014

အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဖောက်ခွဲရေးသင်တန်းများ ပြုလုပ်မည့် ဘင်္ဂါလီလူမျိုး (၃)ဦးအား ဘင်္ဂလားဒေ့ရှ်၌ ဖမ်းဆီးရမိ



ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ပတ်သက်၍ မေးမြန်းမှု အပေါ် ဆောင်ရွက်မှု အခြေအနေများ
၁။ ကျောက်ဆည် မြို့နယ်တွင် မြို့တွင်းမီးရထား လမ်းကူးများကို Slide Door တံတားများအဖြစ် တပ်ဆင်ပေးပါရန် မေးမြန်းချက်နှင့် ပတ်သက်၍ မြို့တွင်း ရထား လမ်းကူးများကို Slide Door အဖြစ် တပ်ဆင် ပေးရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ဖြေကြား အပ်ပါသည်။

၂။ တံတားဦးမြို့နယ် တံတားဦး - ပုလိပ်ကြား (သူငယ်တော်ရွာ ဘုန်းတော်ကြီး ကျောင်းအနီး) ရှိ ရထား လမ်းကူးတွင် ဂိတ်တံခါး တပ်ဆင် ပေးပါရန် ကိစ္စနှင့် ပတ်သက် ၍ မေးမြန်း ချက် အပေါ် ရောင်ပြန် ပြားပါရှိသည့် ရပ်၊ ကြည့်၊ သွား ဆိုင်းဘုတ်ကို ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက် ရထားလမ်းကူးတွင် အများပြည်သူ မြင်သာသည့် နေရာ၌ ဒီဇင်ဘာလ အတွင်း အပြီးတပ်ဆင်ပေး သွားမည် ဖြစ်ကြောင်း ဖြေကြား ပါသည်။
၃။ မိတ္ထီလာ ဘူတာ အဆောက် အအုံကို အဆင့်မြင့် ဘူတာအဖြစ် ဆောက်လုပ် ပေးပါရန် မေးမြန်းချက်နှင့် ပတ်သက်၍ ဘူတာအား ပြန်လည် စစ်ဆေး၍ လိုအပ်သည့် ပြင်ဆင်မှုများ၊ သန့်ရှင်း သပ်ရပ်၍ မြို့အင်္ဂါနှင့် ကိုက်ညီအောင် လာမည့် ဘတ်ဂျက် အတွင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် ပတ်သက်၍ မေးမြန်းမှု အပေါ် ဆောင်ရွက်မှု အခြေအနေများ
၁။ မြစ်သားမြို့နယ် ရွာခိုင်ကြီး၊ ရစ်ကန်၊ သပြေတောင်း ကျေးရွာများတွင် GSM Tower စိုက်ပေးပါရန်၊ စည်ပင် သာယာရေး နယ်နိမိတ်မြို့အဝင် မြစ်သား ဆိုင်းဘုတ်အထိ Cable ကြိုးသွယ် တန်း ပေးပါရန် မေးမြန်းချက်နှင့် ပတ်သက်၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း မန္တလေး တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း လျာထားသည့် GSM မိုဘိုင်းစခန်း ၁၀၀ တပ်ဆင်ရန် လျာထားသည့် အနက် ကျောက်ဆည်ခရိုင် ရွာခိုင်ကြီး ကျေးရွာတွင် GSM စခန်း တစ်ခု တိုးချဲ့တပ်ဆင် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ ကျန်ကျေး ရွာများ အားလည်း နောင်စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက် သွားမည့် မိုဘိုင်း စီမံကိန်းများတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ဦးစားပေး အစီအစဉ်အရ အဆင့်လိုက် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ မြို့များတွင် အော်တို တယ်လီဖုန်း စတင် တပ်ဆင်စဉ်က မြို့ဧရိယာနှင့် အညီ မြို့တွင်း ကေဘယ်လ် များအား တည်ဆောက် ပေးခဲ့သော်လည်း နောက်ပိုင်း မြို့ကွက် ကျယ်လာသောအခါ မြို့တွင်း ကေဘယ်လ် များအား ကျယ်ပြန့် လာသော ဧရိယာ အလိုက် ထပ်မံ သွယ်တန်းရန် လိုအပ်လာပါသည်။ မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့အလိုက် ပြုပြင်လဲလှယ် ပေးရန် ကေဘယ်လ် လိုအပ်ချက် စာရင်းကို ပြုစုပေးပို့ ထားပြီးဖြစ်ပါ ကြောင်းနှင့် အဆင့်လိုက် တိုးချဲ့ တပ်ဆင် ဆောင် ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြား အပ်ပါသည်။
၂။ မိတ္ထီလာ အော်တို အိတ်ချိန်းတွင် တပ်ဆင် ထားသော ADSL လိုင်း (၁၂၀) ကုန်ပြီဟု သိရှိရပြီး ထပ်မံတိုးချဲ့ တပ်ဆင်ပေးပါရန် မေးမြန်းချက်နှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ် မြို့ကြီးများနှင့် ခရိုင် မြို့များတွင် ADSL လိုင်းများကို အသစ် တပ်ဆင်ခြင်း/တိုးချဲ့ခြင်း လုပ်ငန်း များအား ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း မိတ္ထီလာမြို့တွင် တပ်ဆင်ပြီး ADSL (၁၂၀) လိုင်းအား (၂၄၀) လိုင်း ADSL DSLAM ဖြင့် လဲလှယ် တပ်ဆင်ပေးသွား မည်ဖြစ်သဖြင့် ၁၂၀ လိုင်း ထပ်မံတိုးချဲ့ တပ်ဆင် ပေးနိုင်မည် ဖြစ်ပါကြောင်း ဖြေကြား အပ်ပါသည်။
၃။ ဝမ်းတွင်း မြို့နယ်တွင် GSM စခန်းတစ်ခု၊ သဲတောတွင် စခန်းတစ်ခု စုစုပေါင်း နှစ်ခုသာရှိပါသည်။ ဝမ်းတွင်းမြို့တွင် GSM ဖုန်းဆက်သွယ်မှု များစွာ အခက်အခဲ ရှိပါသဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်မချမ်း သာစရာ ဖြစ်နေ ပါသည်။ ဖြစ်နိုင်ပါက ဝမ်းတွင်းမြို့နယ် ရွှေတောင်၊ ရွာရှည်၊ ဘုရားစု ကျေးရွာ များတွင် GSM စခန်းများ တည်ဆောက် ပေးနိုင်ပါရန် မေးမြန်းချက်နှင့် ပတ်သက်၍  ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း ဝမ်းတွင်းမြို့နယ် ဝမ်းတွင်းစာတိုက်၊ ဘုရားစုနှင့် ရွှေတောင် ကျေးရွာတို့တွင် GSM စခန်းသုံးခု တည်ဆောက်ရန် လျာထား ဆောင်ရွက်လျက် ရှိပါသည်။ စာတိုက် စခန်းတွင် တည်ဆောက် ရန် မြေနေရာ၊ လျှပ်စစ်မီး အခက်အခဲ မရှိသော်လည်း ရွှေတောင်ကျေးရွာတွင် လျှပ်စစ်မီး မရရှိသေးပါ။ ယခုနှစ် ဘတ်ဂျက်တွင် အပြီး ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း ဖြေကြားပါသည်။
၎။ မိတ္ထီလာမြို့တွင်း တယ်လီဖုန်း လိုင်းများသည် အချို့လမ်း သွယ်များတွင် လျှပ်စစ်တိုင်များ၊ သစ်ပင်များမှ တစ်ဆင့် သွယ်တန်း တပ်ဆင် ထားရှိမှု များအား တိုင်သစ်များ စိုက်ထူ၍ သပ်ရပ်စွာ သွယ်တန်း တပ်ဆင် ပေးနိုင်ပါရန် မေးမြန်း ချက်နှင့် ပတ်သက်၍ မိတ္ထီလာမြို့ အနေဖြင့် အိတ်ချိန်းများ အသစ် ပြောင်းလဲ တပ်ဆင် ခဲ့သော်လည်း မြို့တွင်းကေဘယ်လ် အနေဖြင့် ထပ်မံတိုးချဲ့ခြင်း၊ တိုင်များ ဖြည့်စွက် လဲလှယ်ခြင်း၊ အစားထိုး လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ မြို့တွင်း ကေဘယ်လ် များအား ကွန်ကရစ် တိုင်များဖြင့် စနစ်တကျ သပ်ရပ်စွာ သွယ်တန်း တပ်ဆင်နိုင်ရေး လိုအပ်ချက်များအား စိစစ်၍ အဆင့်လိုက် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြား အပ်ပါသည်။
၅။ ပျော်ဘွယ်မြို့ အနေဖြင့် လူဦးရေ နှစ်သိန်းခန့်သည် မိုဘိုင်းဖုန်းများ အသုံးပြု လာသည့် အတွက် ဖုန်းလိုင်းများ ကျပ်လာသဖြင့် တိုင်များထပ်မံတိုးချဲ့ ပေးပါရန်နှင့် ဒေသခံ ပြည်သူများ အနေဖြင့် ၁၅၀၀ တန် မိုဘိုင်း ဖုန်းများ ဝယ်ယူ အသုံးပြုမှု များပြားလာသည့် အတွက် ထပ်မံ တိုးမြှင့် ရောင်းချ ပေးပါရန် မေးမြန်းချက်နှင့် ပတ်သက်၍ ပျော်ဘွယ် မြို့နယ်တွင် GSM စခန်းလေးခု တပ်ဆင်ပြီးဖြစ် ပါသည်။ မိုဘိုင်းဖုန်းများ အသုံးပြုမှု များပြားလာပါက ခေါ်ဆိုမှု ခက်ခဲလာမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တာဝါတိုင်များ ထပ်မံတိုးချဲ့ရန် လိုအပ်လာမည် ဖြစ်ပါသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တွင် ပျော်ဘွယ်မြို့ ရှမ်းပွဲရပ်နှင့် မြို့သစ် ရပ်တို့တွင် GSM စခန်းနှစ်ခုနှင့် အရှေ့လျှော် ဖြူကုန်းတွင် GSM စခန်း တစ်ခုထပ်မံတိုးချဲ့ တည်ဆောက် ပေးသွားမည် ဖြစ်ပါသည်။ မြေနေရာ ညှိနှိုင်းပြီး ဖြစ်ကြောင်း သိရှိရပါသဖြင့် တပ်ဆင်ပြီး ပါက ခေါ်ဆိုမှု လွယ်ကူ လာမည့် အပြင် ဖုန်းကဒ်များလည်း ပိုမိုရောင်းချ ပေးလာနိုင်မည် ဖြစ်ပါသည်။ တန်ဖိုးနည်း ၁၅၀၀ တန် တိုးမြှင့်ချထားပေးရန် ကိစ္စနှင့် စပ်လျဉ်း၍ တပ်ဆင် ထားသော စခန်း အရေအတွက်၊ သုံးစွဲပြီး လိုင်းအင်အားနှင့် Traffic တို့အပေါ်မူတည်၍ ခွဲဝေသတ်မှတ် လျာထား ရပါသည်။ ပျော်ဘွယ် မြို့နယ် အတွင်း တန်ဖိုးနည်း မိုဘိုင်း ဖုန်းခွဲ တမ်းကို တိုးမြှင့် ချထား ပေးနိုင်ရေး စိစစ်၍ ဆောင်ရွက် ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြား အပ်ပါသည်။

No comments:

Post a Comment