Saturday, January 18, 2014

ဘန်ကောက်ဆန္ဒပြမှုအတွင်း ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံး



ဘန်ကောက်၊ ဇန်န၀ါရီ ၁၈
ယမန်နေ့နေ့ခင်းပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင် ဆန္ဒပြမှုအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ ဒီကနေ့ နံနက် အစောပိုင်းတွင် သေဆုံးခဲ့ပြီး၊ ကျန် ၁၁ ဦးမှာ ဆေးရုံတွင် ကုသနေရဆဲဖြစ်ကြောင်း သိရသည်။ ၀န်ကြီးချုပ် ယင်လတ်အား ရာထူးမှ ဆင်းပေးရန် တောင်းဆို ပြုလုပ်ခဲ့ကြသည့် ရက်သတ္တအနည်းငယ်ကြာ ဆန္ဒပြမှုအတွင်း သေဆုံးသူ ကိုးဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အေအက်ဖ်ပီ

No comments:

Post a Comment