Thursday, January 30, 2014

ကိုယ့်အိမ်ကို မီးပြန်ရှို့သည့် ဒူချီးရားတန်း အနောက်ကျေးရွာမီးလောင်မှု

မောင်တော၊ ဇန်နဝါရီ ၃၀ 
မောင်တောမြို့ ဒုချီးရားတန်း အနောက်ရွာတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်မှာ အကွက်ချ စီစဉ်ပြီး ကိုယ့်အိမ် ကို မီးပြန်ရှို့သည့် အခြေအနေဖြစ်ကြောင်း ကနဦးစစ်ဆေးချက်များအရ တွေ့ရှိ ရသည်။


ဒုချီးရာတန်းအနောက်ရွာ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့် မြို့နယ် မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများ၏ စစ်ဆေးချက်များအရ မီးစတင်လောင်ကျွမ်းသည့် အိမ်ရှင် ဖြစ်သူ ဦးအဘူ ဆွေယော့ (ခ) ဇူနာမော်ဟတ် သည် ပတ်ဝန်းကျင်ရှိ အိမ်များ၏ ခေါင်မိုးများပေါ် တွင် ကောက်ရိုး လိတ်များ တင်၍ မီးလောင်မှုမြန်ဆန်ပြီး အရှိန် အဟုန်ဖြင့် လောင်ကျွမ်းစေရန် အကွက်ချ စနစ်တကျ စီစဉ်ဆောင်ရွက် ခဲ့ကြောင်းနှင့် မီးမလောင်ဘဲ ကျန်ရစ်သော အိမ်ခေါင် မိုးပေါ်မှ ကောက်ရိုး လိတ်များ ဖြန့်ကျက်စီရီထားမှုအား စစ်ဆေး တွေ့ရှိရကြောင်း ကနဦး သတင်း ရရှိသည်။

No comments:

Post a Comment