Monday, January 20, 2014

ရှေးဟောင်းကျောင်းကြီး နှင့် ရှေးဟောင်းစေတီများပြုပြင်ရန် အလှူငွေ ကျပ် ၄၀၀ သိန်း ပေးအပ်

မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ် နေပူကုန်းကျေးရွာအုပ်စု၊ နေပူကုန်းစံပြကျေးရွာဦး လေးထပ် ဘုန်းတော်ကြီးကျောင်း ရှိ ရှေးဟောင်း ကျောင်းကြီး၊ ရှေးဟောင်း စေတီများ၊ ဆွမ်းစားကျောင်းနှင့် ဓမ္မရိပ်သာကျောင်းများ ပြုပြင်မွမ်းမံ တည်ဆောက် သွားရေး အတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ဇန်န၀ါရီ ၁၉ နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် နေပြည်တော် ၊ ပျဉ်းမနားမြို့ ပေါင်းလောင်းရပ်ကွက်နေ အလှူရှင် ဦးဟံသာ၊ ဒေါ်မြင့်မြင့်ကြည် (ယဉ်ကျေးမှု လက်ထောက် ညွှန်ကြားရေးမှူး-ငြိမ်း) ပစ်တိုင်းထောင် သစ်စက်မှ လှူဒါန်းသော ကျပ် ၄၀၀ သိန်း ကို ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင် တစ်ဦးမှ လက်ခံရယူသည်။ ၄င်းနောက် နေပူကုန်း လေးထပ်ကျောင်းတိုက် ဦးစီးပဓာနနာယက    ဆရာတော်ဘဒ္ဒန္တသီလာစာရ အမှူးပြုသည့်သံဃာတော်  ၉ ပါးတို့မှ ဓမ္မရိပ်သာကျောင်း ဆောက်လုပ် မည့်မြေနေရာ အား မြေသန့်မင်္ဂလာကို ဆောင်ရွက်တော်မူကြောင်း သတင်းရရှိသည်။   

No comments:

Post a Comment