Wednesday, January 29, 2014

မောင်တောမြို့ ဒုချီးရားတန်း အနောက်ရွာ၌ မီးလောင်မှုဖြစ်စဉ်မှန်



စစ်တွေ၊ ဇန်နဝါရီ ၂၉
မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာ (ဘင်္ဂါလီ)၌ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်ချုပ်ရေး မှူးများ သွားရောက် ငြိမ်းသတ်ခဲ့ကြသည်။
 


အဆိုပါ မီးလောင်မှုမှာ ဒုချီးရားတန်း အနောက် (ဘင်္ဂါလီ)ရွာနေ အဘူဖွေယာ့ (၅၀)နှစ် (ဘ) ကာဆိမ်း၏ နေအိမ်မှ စတင်မီးလောင်ကျွမ်း၍ မီးငြိမ်းသတ်နေစဉ် တောင်ဘက်ကိုက် (၁၅၀)အကွာ အဏ္ဏဝါဆလာမ် (၅၀)နှစ် (ဘ) ဆီရာဇူ ၏ အိမ် ထပ်မံမီးလောင်သည့်အတွက် မီးငြိမ်းသတ်ရန်သွားစဉ် ဘင်္ဂါလီလူမျိုးများ (၅)ဦးခန့် ထွက်ပြေးသွား သည်ကို တွေ့ရှိခဲ့ရ သည်။ မီးလောင်မှုဖြစ်စဉ်တွင် အိမ်များထူထပ်ခြင်း၊ သက်ကယ်၊ ဝါးများဖြင့် ဆောက်လုပ်ထားခြင်းကြောင့် နေအိမ်အကြီး (၄)လုံး၊ အိမ်သေး (၁၂)လုံး စုစုပေါင်း (၁၆)လုံး မီးလောင် ဆုံးရှုံးသွားခဲ့ပြီး လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
မီးရှို့မှုဖြစ်စဉ်အား တပ်ဦးချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်ကာ မီးရှို့သွားခဲ့သူများအား အမှုဖွင့် တိုင်ကြားခဲ့ သဖြင့် မောင်တောရဲစခန်းမှ (ပ) ၁၉/၂၀၁၄၊ ပုဒ်မ - ၄၃၆ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။ မီးလောင်မှု ဖြစ်စဉ်အနီးတွင် ရခိုင်ရွာများမရှိဘဲ ဘင်္ဂါလီရွာများသာရှိပြီး မိမိ၏အိမ်များအား မီးရှို့ထွက် ပြေးသွား ခဲ့ပြီး ထိုဖြစ်စဉ်အား ပုံကြီး ချဲ့ကာ သတင်းမှား ထုတ်လွှင့်ခြင်းများ မဖြစ်စေရန်အတွက် သတင်းအ ချက် အလက် များအား သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ရှိ တာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။

No comments:

Post a Comment