Tuesday, January 21, 2014

သတင်းထုတ်ပြန်ချက်


နေပြည်တော်    ဇန်နဝါရီ     ၂၁
ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) တွင် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကျင်းပရာတွင် သတင်းရယူကြ မည့် ပြည်တွင်းသတင်းထောက်များ အနေဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး၊ ၀၁-၅၄၄၅၈၂ နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်း၊ ၀၁-၅၄၄၅၈၃၊ epprmyanmar@gmail.com တို့သို့ ဆက်သွယ်၍ လည်းကောင်း၊ ပြည်ပ သတင်းထောက်များနှင့် နိုင်ငံခြား သတင်းထောက် များအသင်း (Foreign Correspondents' Club) အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ဦးရဲနိုင် (အထွေထွေမန်နေဂျာ) ဝ၆၇-၃၆၁၃၇၊ ဝ၆၇-၄၁၂၁၁၉၊ ဝ၉-၈၃ဝ၆၃၅၈ သို့လည်းကောင်း၊ ဦးလှိုင်ဝင်း (စာတည်းမှူး) ဝ၆၇-၄၁၂၁၁၈ ဦးဇော်နိုင်ဦး (စာတည်းမှူး) ၀၉၄၉၀၃၂၉၉၇၊ ၀၁-၂၀၁၅၉၂ သိမ်ဖြူလမ်း၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း(ရုံးချုပ်) ရန်ကုန်၊ myogyi.npe@gmail.com သို့ လည်းကောင်း ဆက်သွယ်၍ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၄)ရက်နေ့တွင် နောက်ဆုံးထား အမည် စာရင်းပေး ပို့ကြရမည်ဖြစ်ပြီး၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၆)ရက်နေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခမ်းမတွင် သတင်းထောက် ကတ်များ ထုတ်ပေး မည်ဖြစ် သည်။ သတင်းဌာန (ဂျာနယ်) တစ်ခုလျင် သတင်းထောက်()ဦးနှင့် ဓာတ်ပုံသမား()ဦး စုစုပေါင်း() ဦး လျောက်ထားနိုင်သည်။

ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင သတင်းရယူမည့် ပြည်တွင်းနှင့် နိုင်ငံခြား သတင်းထောက်များအနေဖြင့် သတင်းထောက်ကတ်လျှောက်ထားရာတွင် မိမိတို့၏ သတင်းဌာန (ဂျာနယ်) အမည်၊ သတင်းထောက်အမည်၊ ရာထူးနှင့် နိုင်ငံသားစိစစ်ရေးကတ် အမှတ်တို့ဖြင့် ပြည့်စုံစွာ တင်ပြလျှောက်ထားရမည်ဖြစ်သည်။
အဆိုပါ ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် သတင်းထောက်ကတ် ရရှိရေးနှင့် ပတ်သက်၍ သိရှိလိုပါ က ပြန်ကြားရေးဝန်ကြီးဌာနသတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ သတင်းဌာန ဖုန်း- ဝ၆၇-၄၁၂၁၂၅၊ ဝ၆၇-၄၁၂၁၁၈ တို့သို့ ဆက်သွယ်မေးမြန်းနိုင်သည်

No comments:

Post a Comment