Wednesday, January 22, 2014

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် ကြီးအား လက်ခံ တွေ့ဆုံ



နေပြည်တော် ဇန်နဝါရီ ၂၂
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr.Roland Kobia အား ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်း မ၌ လက်ခံ တွေ့ဆုံသည်။



အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ကျော် တက်ရောက်သည်။
ထိုသို့တွေ့ဆုံရာတွင် ဥရောပသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေး လုပ်ငန်း စဉ်များတွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေ အနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း များနှင့် မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်များကို ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

No comments:

Post a Comment