Monday, January 27, 2014

ဒုတိယ အကြိမ် ပြည်ထောင်စု အစိုးရအဖွဲ့ဖလား ဂေါက်သီး ရိုက်ပြိုင်ပွဲ ကျင်းပပြီးစီး



နေပြည်တော် ဇန်နဝါရီ ၂၆
၂၀၁၄ ခုနှစ် ဒုတိယ အကြိမ် ပြည်ထောင်စု အစိုးရ အဖွဲ့ဖလား ဂေါက်သီး ရိုက်ပြိုင်ပွဲ ဒုတိယနေ့ပွဲ စဉ်များကို ယနေ့ နံနက် ၆ နာရီတွင် မြို့တော် ဂေါက်ကွင်းနှင့် ရေပြာ ဂေါက်ကွင်းတို့၌ ဆက်လက် ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နေပြည်တော် မြို့တော် ဂေါက်ကွင်း၌ ကျင်းပသည့် ပြိုင်ပွဲ များသို့ တက်ရောက် အားပေးသည်။



ညနေပိုင်းတွင် ၂၀၁၄ ခုနှစ် ဒုတိယအကြိမ် ပြည်ထောင်စု အစိုးရ အဖွဲ့ဖလား ဂေါက်သီး ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်း အနားကို မြို့တော် ဂေါက်ကွင်း၌ ကျင်းပရာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်၍ ဆုများကို ပေးအပ် ချီးမြှင့်သည်။
အဆိုပါ ဆုပေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင် များနှင့် ပြိုင်ပွဲ ဝင်အ သင်းများမှ အားကစား သမားများ တက်ရောက်ကြသည်။
အစီ အစဉ်အရ ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက ပြိုင်ပွဲ ကျင်းပ ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် အသင်းလိုက် (အကျောပေး) ပြိုင်ပွဲနှင့် အသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲများတွင် အကောင်းဆုံး အရှုံး သမား ဆုရရှိကြသည့် အသင်းများ၊ Most Eagle, Most Birdie, Most Par, Longest Drive  နှင့် Nearest Pin ဆုရရှိကြသူများ၊ တစ်ဦးချင်း (အကျောပေး) ပြိုင်ပွဲနှင့် (အကျောမဲ့) ပြိုင်ပွဲတို့၌ ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိကြသူများ၊ အသင်းလိုက် အကောင်းဆုံး ရိုက်ချက်ဆု ရရှိကြသူများအား ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌနှင့် ပြည်ထောင်စု ဝန်ကြီးများက ဆုများကို အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။ ယင်းနောက် အသင်းလိုက် (အကျောပေး) ပြိုင်ပွဲတွင် စုစုပေါင်း ရိုက်ချက်၅၄၁ ချက်ဖြင့် တတိယဆုရ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အသင်း အား ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက လည်းကောင်း၊ စုစုပေါင်း ရိုက်ချက် ၅၃၇ ချက်ဖြင့် ဒုတိယဆုရ ပြည်ထဲရေး ဝန်ကြီးဌာန အသင်းအား ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက လည်းကောင်း ဆုများပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ အသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲတွင် စုစုပေါင်း ရိုက်ချက် ၆၆၇ ချက်ဖြင့် တတိယ ဆုရ ပြည်ထဲရေး ဝန်ကြီးဌာန အသင်းအား ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက လည်းကောင်း၊ စုစုပေါင်း ရိုက်ချက် ၆၄၉ ချက်ဖြင့် ဒုတိယဆုရ ကာကွယ်ရေး ဝန်ကြီးဌာန အသင်းအား ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့်က လည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်စား ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ၂၀၁၄ခုနှစ် ပြည်ထောင်စု အစိုးရအဖွဲ့ဖလား ဂေါက်သီးရိုက် ပြိုင်ပွဲအသင်းလိုက် (အကျောပေး) ပြိုင်ပွဲတွင် စုစုပေါင်း ရိုက်ချက် ၅၃၄ ချက်ဖြင့်ပထမဆု ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲ တွင် စုစုပေါင်း ရိုက်ချက် ၆၄၉ ချက်ဖြင့် ပထမဆု ရရှိသည့် မွေးမြူရေး၊ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အသင်း တို့အား ပြည်ထောင်စု အစိုးရအဖွဲ့ ဖလားကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ပြိုင်ပွဲဝင် အားကစား သမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး ဆုရပြိုင်ပွဲဝင် အသင်းများနှင့် အတူစုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။
၂၀၁၄ ခုနှစ် ပြည်ထောင်စု အစိုးရအဖွဲ့ဖလား ဂေါက်သီး ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အပြီးတွင် ဂုဏ်ပြု ညစာစားပွဲ ဆက်လက် ကျင်းပရာ တေးသံရှင်များက မြန်မာ့အသံ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တွဲဖက် ၍ ဖျော်ဖြေခဲ့သည်။


No comments:

Post a Comment