Saturday, January 18, 2014

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ယှဉ်ပြိုင် နေမှုများ ကြည့်ရှုအားပေး



နေပြည်တော်- ဇန်နဝါရီ ၁၇
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့နံနက် (၁၀)နာရီခွဲတွင် နေပြည်တော်၌ ကျင်းပလျက်ရှိသည့် (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲများကို
 

 ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဦးတင့်ဆန်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်နေလင်း၊ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အတူ လိုက်လံ ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ အမျိုးသား မီတာ ၂၀၀ T 52 နှင့် အမျိုးသား မီတာ ၂၀၀ T37   ပြိုင်ပွဲများ၏ လူရွေးပွဲစဉ်များ၊ အာဆီယံ မသန်စွမ်း ဘောစီယာ အားကစားပြိုင်ပွဲ၏ တစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များ၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့ ယှဉ်ပြိုင်ကစား နေမှုများနှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲ များကို ကြည့်ရှု အားပေးသည်။
ထို့နောက် အမျိုးသား တစ်ဦးချင်း Class  (7)   ပြိုင်ပွဲမှ ပထမနှင့် ဒုတိယ ရရှိကြသည့် အင်ဒိုနီးရှားမှ ခြေ ၂ ဖက် အင်္ဂါစွန့်လွှတ် အားကစားသမားနှင့် ထိုင်းနိုင်ငံမှ ခြေတစ်ဖက်နှင့် လက်တစ်ဖက် အင်္ဂါစွန့်လွှတ် အားကစား သမားတို့၏ သရုပ်ပြ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှု အားပေးကာ ပြိုင်ပွဲအပြီး ၎င်းအားကစား သမား(၂)ဦးအား ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အထူးဂုဏ်ပြု လက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်း သတင်းရ ရှိသည်။


No comments:

Post a Comment